နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၁၅) သင်တန်းဆင်းပွဲ အခမ်းအနား



ရန်ကုန်  နိုဝင်ဘာ  ၂၅


နိုင်ငံ့၀န်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ စစ်ရေးပြကွင်းတွင် အရာထမ်းအခြေခံ သင်တန်း အမှတ်စဉ်(၂၁၅)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲ၌ကျင်းပရာ သင်တန်းဆင်းတပ်ခွဲက နိုင်ငံတော်အလံအားအလေးပြုပြီး ဆက်လက်၍ ပါမောက္ခချုပ် ဦးဇော်ဇော် အား အလေးပြုခဲ့ကြသည်။


ပါမောက္ခချုပ်က သင်တန်းသားစံပြဆုကို သင်တန်းသား ဦးဝင်းစည်သူ၊ လက်ထောက်မန်နေဂျာ၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ စွမ်းအင်ဝန်ကြီးဌာနကို လည်းကောင်း၊ သင်တန်းသူစံပြဆု ကို သင်တန်းသူ ဒေါ်အေးစန္ဒာလှိုင်၊ ဌာနစုမှူး၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ကို လည်းကောင်း ချီးမြှင့်သည်။ သင်တန်းသား၊ သင်တန်းသူ ပထမဆု၊ ဒုတိယဆု၊ သေနတ်ပစ် ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆု ရရှိသူများနှင့် သင်တန်းဆင်းအောင် လက်မှတ်များကို ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်း မိန့်ခွန်းပြောကြားသည်။


ယင်းသင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူး/ ပါမောက္ခများ၊ တာဝန်ရှိ သူများနှင့် သင်တန်းသား (၂၀၁)ဦး၊ သင်တန်းသူ(၂၄၂)ဦး စုစုပေါင်း (၄၄၃)ဦး တက်ရောက်ခဲ့ ကြပြီး သင်တန်းကာလမှာ ဇွန် ၆ ရက်မှ အောက်တိုဘာ ၂၁ ရက်အထိ Distance Learning ဖြင့်လည်းကောင်း၊ အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၂၅ ရက်အထိ In-House Learning ဖြင့် လည်းကောင်း သိရသည်။

(သတင်းစဉ်)



No comments

Powered by Blogger.