နယ်စပ်ရေးရာဝန်ကြီးဌာနက ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း



နေပြည်တော် နိုဝင်ဘာ ၂၅


နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများတွင် သီတင်းသုံးတော်မူကြသော သံဃာတော်များနှင့် သီလရှင်ဆရာကြီးများ ဆွမ်းအခက်အခဲ အဆင်ပြေစေ ရန်အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းပေးလျက် ရှိသည်။


ထိုသို့ လှူဒါန်းလျှက်ရှိရာ ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း) ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသ၊ မန်တုံမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်အောင်နှင့် ဝန်ထမ်းမိသားစုများက မန်တုံမြို့နယ်၊ အောင်ချမ်းသာမန်တောက် ဘုန်းတော်ကြီး ကျောင်း၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသုနန္ဒထံသို့ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)


No comments

Powered by Blogger.