တိုင်းပြည်မှအားထားရသော တိုင်းရင်းသားဆရာ၊ ဆရာမကောင်းများဖြစ်အောင် ကြိုးစား



ဘားအံ နိုဝင်ဘာ ၂၅


နိုင်ငံ့ဝန်ထမ်းဥပဒေအရပြုလုပ်သော နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်နှင့် ညွှန်ကြားချက် များကို လိုက်နာကျင့်သုံးပြီး တိုင်းပြည်မှအားထားရသော တိုင်းရင်းသားဆရာ၊ ဆရာမကောင်း များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ဘားအံပညာရေးဒီဂရီကောလိပ်တွင် ၁၈ ရက်ကြာကျင်းပ ခဲ့သည့် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက် အကူပြုဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက တိုက်တွန်း ပြောကြားသည်။


အဆိုပါ ပိတ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ဘားအံပညာရေးဒီဂရီကောလိပ် သီရိခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ကရင်၊ မွန်၊ ပအိုဝ်း တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ပညာရေးဆိုင်ရာ မူဝါဒများ၊ ပညာရေးပြုပြင် ပြောင်းလဲမှု၏ ဦးစားပေးလုပ်ငန်းစဉ်များ၊ ကမ္ဘာ့စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များကို ရှင်းလင်း ပြောကြားရာ၌ ထို့သို့ တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။


ယင်းနောက် ဘားအံပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ဆရာမကြီးက အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်က တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ တက်ရောက်ပြီးမြောက်ကြောင်း လက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။


ထို့နောက် တိုင်းရင်းသားဘာသာစကားသင်ဆရာ၊ဆရာမများက တေးသီချင်းများဖြင့် တေးသရုပ်ဖော် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဘားအံမြို့ ခရီးစဉ် အတွင်း အသေးစား၊ အငယ်စား၊ အလတ်စား(MSMEs) လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ၌ လမ်းညွှန် မှာကြားချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု စိစစ်ခြင်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။


ထို့နောက် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ပြည်နယ်အတွင်း MSMEs လုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် က နိဂုံးချုပ် အမှာစကား ပြောကြားသည်။


ဆက်လက်၍ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး အားလုံးပေါင်းစု လှုပ်ရှားပေး” ဆောင်ပုဒ်ဖြင့်  အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး က အမှာစကား ပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးများ အရေးကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိသော အရပ်ဖက် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အမျိုးသမီးရေးရာ ကော်မတီဝင်များနှင့် အခမ်းအနားသို့ တက်ရောက်လာသူများက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအသိပညာပေးဆိုင်ရာ Video Clip ကို ကြည့်ရှုအားပေးခဲ့ကြပြီး အမျိုးသမီးငယ် လေးများက Fiftness Dance ဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)


No comments

Powered by Blogger.