တိုင်းဒေသကြီးအတွင်း ကြီးမြန်သစ်ပင်၊ ရတနာတန်းဝင်သစ်များနှင့် ဝါးပင်များလျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ




နေပြည်တော် နိုဝင်ဘာ ၂၂


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကြီးမြန်သစ်ပင်၊ ရတနာတန်းဝင်သစ်များနှင့် ဝါးပင်များ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးညှိနိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီး အတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ကလေး၊ ကသာ၊ ကန့်ဘလူ၊ ခန္တီး၊ စစ်ကိုင်း၊ ရေဦး၊ ရွှေဘို၊ ဟုမ္မလင်းခရိုင်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း သစ်တော ဖုံးလွှမ်းမှုများ ကျဆင်းသွားသည်ကို တွေ့ရှိရသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ လာမည့်နှစ်တွင် သစ်ပင်စိုက်ပျိုးရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် စီမံချက်ရေးဆွဲကာ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ သစ်တောပြုန်းတီးမှုများကို Recovery ဖြစ်လာစေရေး အတွက် သစ်ပင်များစိုက်ပျိုးရာတွင် ကြီးမြန်သစ်ပင်နှင့် ရတနာတန်းဝင်သစ်များကို ဦးစားပေး၍ ပြန်လည်စိုက်ပျိုးသွားရန်၊ ထို့ပြင် သဘာဝအတိုင်း ပေါက်ရောက်သည့် ဝါးကိုအခြေခံသည့် စက်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် သက်မှတ်ဝါးမျိုးများကို တိုင်းဒေသကြီးအတွင်းရှိ နေရာဒေသအလိုက် နေရာများသက်မှတ်ပြီး စိုက်ပျိုးသွားရန်နှင့် ဒေသနှင့်ကိုက်ညီဖြစ်ထွန်းသည့် တမာပင်များကိုလည်း စိုက်ပျိုးသွားကြရန် ညွှန်ကြားထားပါကြောင်း၊ ညွှန်ကြားချက်နှင့်အညီ လျာထားချက်ပြည့်မီ အောင်စိုက်ပျိုးသွားနိုင်ရန် တာဝန်ရှိသူအားလုံးက အလေးအနက်ထား ဆောင်ရွက်သွား ကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။


ယင်းနောက် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက တိုင်းဒေ သကြီးအတွင်း ကြီးမြန်သစ်ပင်၊ ရတနာတန်းဝင်သစ်များနှင့် ဝါးပင်များလျာထားချက်ပြည့် မီအောင်စိုက်ပျိုးနိုင်ရေး လုပ်ငန်းများဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြ ပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ အတွင်းရှိ ရပ်ကွက်/ကျေးရွာနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများတွင် ကြီးမြန်သစ်ပင်၊ ရတနာ တန်းဝင်သစ်များနှင့် ဝါးပင်များစိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး တင်ပြကြသည်။


ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ 


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့တက်ရောက်လာသူများ၏ အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။


သတင်းစဉ်

No comments

Powered by Blogger.