တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း အချိန်ပြောင်းလဲထုတ်လွှင့်မည်
နေပြည်တော် နိုဝင်ဘာ ၂၃
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း ထုတ်လွှင့်မှုကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှစပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ နေ့စဉ် နံနက် ၆ နာရီမှ စတင်ပြီး အရှေ့ပိုးကရင်၊ ချင်း(လိုင်ဇိုး)၊ ချင်း(ချိုး)၊ မွန်၊ ရခိုင်၊ ရှမ်း၊ ‘ဝ’၊ ကချင်၊ ကယား၊ စကောကရင်၊ အနောက်ပိုးကရင် ဘာသာအစီအစဉ်များကို ည ၂၃ နာရီအထိ ထုတ်လွှင့်လျက် ရှိပါသည်။
ယခု NRC ရုပ်သံလိုင်း ထုတ်လွှင့်ချိန် ပြောင်းလဲထုတ်လွှင့်မှုကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှစပြီး ၂၀၂၃ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ နေ့စဉ် နံနက် ၆ နာရီမှ ၇ နာရီအထိ ချင်း(လိုင်ဇိုး) ဘာသာအစီအစဉ်၊ နံနက် ၇ နာရီမှ ၈ နာရီအထိ ချင်း(ချိုး) ဘာသာအစီအစဉ်၊ နံနက် ၈ နာရီမှ ၁၀ နာရီအထိ မွန်ဘာသာအစီအစဉ်၊ နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ရခိုင်ဘာသာအစီအစဉ်၊ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၁၄ နာရီအထိ ရှမ်းဘာသာအစီအစဉ်၊ မွန်းလွဲ ၁၄ နာရီမှ ၁၆ နာရီအထိ “ဝ” ဘာသာအစီအစဉ်၊ ညနေ ၁၆ နာရီမှ ၁၈ နာရီအထိ ကချင်ဘာသာအစီအစဉ်၊ ညနေ ၁၈ နာရီမှ ည ၂၀ နာရီအထိ ကယားဘာသာအစီအစဉ်၊ ည ၂၀ နာရီမှ ၂၁ နာရီအထိ စကောကရင်ဘာသာအစီအစဉ်၊ ည ၂၁ နာရီမှ ၂၂ နာရီအထိ အနောက် ပိုးကရင်ဘာသာအစီအစဉ်၊ ည ၂၂ နာရီမှ ၂၃ နာရီအထိ အရှေ့ပိုးကရင်ဘာသာအစီအစဉ်တို့ကို ဘာသာအလိုက် အချိန်ပြောင်းလဲထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments