အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တက်ရောက်



မုံရွာ နိုဝင်ဘာ ၂၅


မြန်မာနိုင်ငံသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းကို ၁၉၉၇ ခုနှစ်တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့် အညီ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားမှုများကို ဆောင်ရွက် လျက်ရှိသည်။


အဆိုပါ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးတွင် ယနေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမတွင် ကျင်းပခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၂ ခုနှစ်အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု၏ ဆောင်ပုဒ်ဖြစ်သည့် “ အမျိုးသမီးများအပေါ်   အကြမ်းဖက်မှု  အဆုံးသတ်ရေး အားလုံးပေါင်းစုလှုပ်ရှားပေး ”ခေါင်းစဉ် အတိုင်း အမျိုးသမီးများအပေါ် အကြမ်းဖက်နေသည့်  အပြုအမူများကို  အဆုံးသတ်စေရန်အတွက် အားလုံးပေါင်းစုကာ လှုပ်ရှားဆောင်ရွက်ပေးကြရန် ပြောကြားသည်။


ယင်းနောက် တိုင်းဒေသကြီး လူမူဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအကြောင်းကို ရှင်းလင်းပြောကြားပြီး  တိုင်းဒေသကြီး လူမူဝန်ထမ်းဦးစီးဌာနရုံးမှ အမျိုးသမီးငယ်များက Brake the Chain သီချင်းဖြင့် ကပြဖျော်ဖြေကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး Video Clip အား ကြည့်ရှု အားပေးခဲ့သည်။

(သတင်းစဉ်)         

No comments

Powered by Blogger.