တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အက်ဒမန် ပင်လယ်ပြင်မှတစ်ဆင့် ပြည်ပသို့သယ်ဆောင်မည့် ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ တန် ဖမ်းဆီးရမိ



နေပြည်တော်၊ နိုဝင်ဘာ ၂၅


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အက်ဒမန် ပင်လယ်ပြင်မှတစ်ဆင့် ပြည်ပသို့ သယ် ဆောင်မည့် ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ တန် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၉ ရက် ည ၁၀ နာရီခွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် အိုက်စ် (မက်သ်အဖက်တမင်း) များကို ပင်လယ်ပြင်သို့ သယ်ဆောင်မည့်အဖွဲ့ ရောက်ရှိနေကြောင်း သတင်းအရ အတည်ပြုရှာဖွေ ဖော်ထုတ်ခဲ့ရာ မြိတ်မြို့နယ်၊ လယ်ကယ်ကျေးရွာအနီးတွင် အိုငယ်(ခ)ခင်ကျော်နိုင် အား FUSO ဘီး မော်တော်ယာဉ် ၁ စီး၊ Toyota Celsior မော်တော်ယာဉ် ၁ စီးနှင့်အတူ တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ FUSO ဘီး ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက် တမင်း) ၁ တန် သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် ဘောမ်ထန်(ခ)ဘောမ်ဆောင်၊ ရှရွယ်(ခ)အလာနှင့် ဘောမ်ဇုန်း တို့ ၃ ဦးကို နိုဝင်ဘာ ၁၀ ရက်တွင် မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ အမှတ်(၁) ဘောတံတား၌ လည်းကောင်း၊ ဇော်တွယ်နှင့် လွမ်းဟူ တို့ ၂ ဦးကို မြိတ်မြို့၊ ကလွင် ကျေးရွာ၌ CALDINA  မော်တော်ယာဉ် ၁ စီး၊ NISSAN AD VAN မော်တော်ယာဉ် ၁ စီးနှင့်လည်းကောင်း၊ နိုဝင်ဘာ ၁၂ ရက်၌ သန့်ဇင် နှင့် ဇနီးဖြစ်သူ မအေးမြတ်စန္ဒာထွန်းတို့အား ရေဖြူမြို့နယ်၊ မလွှဲတောင်ပူးပေါင်း စစ်ဆေး ရေးဂိတ်၌ NISSAN မော်တော်ယာဉ် ၁ စီးနှင့်လည်းကောင်း၊ စောအောင် နှင့် သီဟ တို့ကို ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ တည်းခိုခန်း၌လည်းကောင်း၊ သန့်ဇင်ဦးအား တွံတေးမြို့နယ်၊ ခလောက်ခလူး ကျေးရွာရှိ ၎င်း၏နေအိမ်၌လည်းကောင်း၊  မြင့်ဇော်ဦးအား ဒဂုံဆိပ် ကမ်းမြို့နယ်၊ (၈၈)ရပ်ကွက်ရှိ ၎င်း၏ နေအိမ်၌လည်းကောင်း၊ အိုက်စ်(မက်သ်အဖက်တမင်း)များ တာဝန်ခံသယ်ဆောင်သူ ဇော်ဂျီ(ခ)အားချင်း အား နိုဝင်ဘာ ၁၅ ရက်တွင် လားရှိုးမြို့၊ အမှတ်(၅) ရပ်ကွက်၌လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များကို ရှမ်းပြည်နယ်(တောင်ပိုင်း)မှ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်သို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် အက်ဒမန်ပင်လယ်ပြင် ရေကြောင်းအသုံးပြု၍ ပြည်ပသို့ ဆက်လက်သယ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ ၁၃ ဦးကို ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.