သီရိလင်္ကာ၌ မူးယစ်ဆေးဝါးသုံးစွဲသော ယာဉ်မောင်းများအား လာမည့်နှစ် ဇန်နဝါရီလမှစကာ ဖော်ထုတ်သွားမည်
ကိုလံဘို နိုဝင်ဘာ ၃၀
သီရိလင်္ကာနိုင်ငံသည် လာမည့်နှစ်
ဇန်နဝါရီလမှစတင်ကာ ဘိန်းဖြူ၊ ကိုကင်းနှင့် အခြား မူးယစ်ဆေးဝါး သုံးစွဲသော ယာဉ်မောင်းသူများကို ရှာဖွေဖော်ထုတ်နိုင်ရန် အစီအမံများကို စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
နိုဝင်ဘာ ၂၉ ရက်တွင် တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိကာလတွင် သီရိလင်္ကာ ဥပဒေစိုးမိုးရေးအာဏာပိုင်အဖွဲ့က အရက်မူးသော
ယာဉ်မောင်းများကိုသာ ရှာဖွေဖော်ထုတ်ရန် စမ်းသပ်လုပ်ဆောင်လျက်ရှိကြောင်း ပို့ဆောင်ရေး
ဝန်ကြီး လာဆန်သာ အလာဂီယာဝနာက သတင်းထောက်များကို ပြောသည်။
သီရိလင်္ကာနိုင်ငံတွင်
နှစ်စဉ်နှစ်တိုင်း ယာဉ်မတော်တဆမှု ၄၂၀၀၀ ဖြစ်ပွားပြီး လူပေါင်း ၃၀၀၀ ခန့် အသက်ဆုံးရှုံးရကြောင်း
နှင့် ယင်းယာဉ်မတော်တဆမှုများကြောင့် အမေရိကန်ဒေါ်လာ သန်း ၂၂၀ ခန့် ဆုံးရှုံးမှုဖြစ်ပေါ်ကြောင်း
အလာဂီယာဝနာက ပြောသည်။
သီရိလင်္ကာ ရဲတပ်ဖွဲ့သည်
ယာဉ်မတော်တဆမှု ဖြစ်ပွားရခြင်း အများစုမှာ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့်ဖြစ်ကြောင်း
ဖော်ထုတ်နိုင်ခဲ့သည်။ သို့သော်လည်း မူးယစ်ဆေးဝါး သုံးစွဲသော ယာဉ်မောင်းများကို ရှာဖွေဖော်ထုတ်ရန်
စက်ပစ္စည်းကိရိယာများမရှိကြောင်း၊ ထိုကဲ့သို့ စက်ပစ္စည်း ကိရိယာများမရှိခြင်းက ပြဿနာတစ်ရပ်အဖြစ်
ရှိနေကြောင်း၊ ထို့ကြောင့် မူးယစ်ဆေးဝါးသုံးစွဲ သော ယာဉ်မောင်းများကို ရှာဖွေဖော်ထုတ်ရန်
စက်ပစ္စည်းကိရိယာအသစ်များနှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစကာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း
၎င်းကဆက်ပြောသည်။
ဆင်ဟွာ

No comments