၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်၏ လူဦးရေ သန်း ၁၀၀ ရှိလာမည်
ဟနွိုင်း နိုဝင်ဘာ
၃၀
ဗီယက်နမ်နိုင်ငံသည် ၂၀၂၃
ခုနှစ်တွင် နိုင်ငံ့လူဦးရေ သန်း ၁၀၀ ရှိလာမည်ဟု မျှော်လင့်ထားကြောင်း နိုဝင်ဘာ ၂၉ ရက်တွင်
ပြည်တွင်းမီဒီယာ၏ ဖော်ပြချက်အရ သိရသည်။
ဗီယက်နမ်နိုင်ငံ၏ လက်ရှိလူဦးရေသည်
၉၉ သန်းကျော်ရှိသောကြောင့် ကမ္ဘာတွင် ၁၅ နိုင်ငံမြောက် လူဦးရေ အထူထပ်ဆုံးနိုင်ငံဖြစ်ပြီး
အာရှတွင်ရှစ်နိုင်ငံမြောက် လူဦးရေအထူထပ်ဆုံးနိုင်ငံဖြစ်ကာ အရှေ့တောင်အာရှတွင် တတိယမြောက်
လူဦးရေအထူထပ်ဆုံး နိုင်ငံဖြစ်ကြောင်း ပြည်တွင်းသတင်းစာ Tuoi Tre တွင် ဖော်ပြထားသည်။
ထို့ပြင် ဗီယက်နမ်နိုင်ငံ၌
အသက် ၁၅ နှစ်မှ ၄၉ နှစ်ကြားရှိ အမျိုးသမီး ၂၅ သန်းနီးပါးသည် ကလေးမီးဖွားနိုင်သော အရွယ်များဖြစ်ကြောင်းနှင့်
အဆိုပါအရေအတွက်သည် ၂၀၃၀ ပြည့်နှစ်တွင် ၂၆ သန်းသို့ မြင့်တက်လာမည်ဟု မျှော်လင့်ထား ကြောင်း
Nguoi Lao Dong သတင်းစာတွင် ဖော်ပြထားသည်။
ဗီယက်နမ်နိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် သက်ကြီးလူ့အဖွဲ့အစည်းသို့ ဝင်ရောက်လာကာ
၂၀၃၅ ခုနှစ်တွင် သက်ကြီးလူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့်
ကမ္ဘာတွင်သက်ကြီးအရွယ်သို့ အလျင်မြန်ဆုံး ရောက်ရှိလာသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာမည်ဖြစ်ကြောင်း
ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆင်ဟွာ

No comments