တန်ဇန်းနီးယားနိုင်ငံ မူလတန်းကျောင်း မီးလောင်မှုကြောင့် ကျောင်းသူသုံးဦးသေဆုံး
နိုဝင်ဘာ ၂၅
တန်ဇန်းနီးယားနိုင်ငံ မြောက်ပိုင်း ရှန်ယန်ဂါဒေသတွင် နိုဝင်ဘာ ၂၃ ရက်ညပိုင်းက ဘူဟန်ဂီဂျာမူလတန်းကျောင်းရှိ မီးလောင်မှုဖြစ်ပွားသဖြင့် ကျောင်းသူသုံးဦးထက်မနည်းသေဆုံးခဲ့ပြီး အခြား ၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ယမန်နေ့ကပြောကြားသည်။
ရှန်ယန်ဂါဒေသန္တရရဲတပ်ဖွဲ့အကြီးအကဲ ဂျာနိမာဂိုမိက ထိုမူလတန်းကျောင်းရှိ အိပ်ဆောင်တစ်ခုတွင်မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါမီးလောင်မှုသည် ကျောင်းသူလေးများအိပ်ပျော်နေချိန် ည ၁၁ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
၂၀၂၀ ခုနှစ် စက်တင်ဘာလက တန်ဇန်းနီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကာဂီရာဒေသရှိ မူလတန်းကျောင်း အိပ်ဆောင်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် စာသင်သား ၁၁ ဦး သေဆုံးခဲ့ပြီး အခြား ခုနစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments