အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း၌ ယာဉ်မတော်တဆမှုဖြစ်ပွားသဖြင့် ရှစ်ဦးထက်မနည်းသေဆုံး



နိုဝင်ဘာ ၂၂

အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်းဂျာဗားပြည်နယ်တွင် ယမန်နေ့ညပိုင်းက ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ရာ လူရှစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြား ၂၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါမတော်တဆမှုသည် ဘမ်မီဟာဂျိုကျေးရွာတွင် ဒေသစံတော်ချိန် ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ခရီးသည်များတင်ဆောင်လာသောမီနီဘတ်စ်ကားတစ်စီးသည် တောင်စောင်းတစ်ခုပေါ်မောင်းနှင်နေစဉ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဘတ်စ်ကားသည် ဒေသခံတစ်ဦးပိုင်ဆိုင်သော ရေကူးကန်အတွင်းသို့ကျသွားခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ဒဏ်ရာရရှိသူအားလုံးကို နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ယာဉ်များမဆင်မခြင်မောင်းနှင်ခြင်း၊ လမ်းများဆိုးရွားခြင်းနှင့် အရှိန်လွန်မောင်းနှင်မှုများကြောင့် ယာဉ်မတော်တဆမှုများမကြာခဏဖြစ်ပွားလေ့ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.