မိတ္ထီလာကွန်ပျူတာတက္ကသိုလ်တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ

 



မိတ္ထီလာ နိုဝင်ဘာ ၂၂


မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ် ကွန်ပျူတာတ္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် အတွက် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန် အဆိုပါတက္ကသိုလ်ရှိ  ဘွဲ့နှင်း သဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။


မိတ္ထီလာမြို့နယ် ကွန်ပျူတာတ္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ လှိုင်ဖြူဖြူမွန်က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခြင်းနှင့် ကွန်ပျူတာတက္ကသိုလ်မှ ပို့ချပေးနေသော ဘာသာရပ်များ၊ သင်ကြားပို့ချမည့် ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာဆရာမများနှင့် မိတ်ဆက်ပေးခဲ့သည်။ 


ယင်းနောက် သက်ဆိုင်ရာပါမောက္ခများ၊ ဌာနမှူးများနှင့် ဆရာဆရာမများက သင်တန်းပို့ချရမည့် ဘာသာရပ်များ၏ ရည်ရွယ်ချက်များ၊ သင်တန်းနှစ်အလိုက် သင်တန်းကြားပို့ချရမည့် ဘာသာရပ်များ အကြောင်းနှင့် သင်ကြားမည့် ဘာသာရပ်အလိုက် အသီးသီးရှင်းလင်းပြောကြားခဲ့ရာ ပထမနှစ် ဝင်ခွင့်ရ ကျောင်းသား ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။


မိတ္ထီလာမြို့နယ် ကွန်ပျူတာတ္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပထမနှစ်ဝင်ခွင့်ရ ကျောင်းသား ကျောင်းသူ ၁၅၆ ဦးရှိကြောင်း သိရသည်။


သိန်းမြင့်ကျော်(မိတ္ထီလာ)




No comments

Powered by Blogger.