"ဝ"အထူးဒေသ(၂)၊ နမ့်တစ်မြို့၌ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ စတင် ကွင်းဆင်းဆောင်ရွက်ပေး
ဟိုပန် နိုဝင်ဘာ ၂၂
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် "ဝ"အထူးဒေသ(၂)၊ နမ့်တစ်မြို့၌ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ စတင်ကွင်းဆင်းဆောင်ရွက်ပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နမ့်တစ်မြို့နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးညီနပ် က "ဝ"အထူးဒေသရှိ တိုင်းရင်းသားပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦး ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးမှု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ကြခြင်းဖြင့် ရရှိလာမည့်အခွင့်အရေးများနှင့် ကွင်းဆင်းဆောင်ရွက်ပေး သည့် အဖွဲ့အား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရေးတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဟိုပန်ခရိုင် ဦးစီးမှူး က ပန်းခင်းစီမံချက် ကွင်းဆင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိ သူများသည် နမ့်တစ်မြို့၊ မြို့ပေါ် ရပ်ကွက်များမှ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာ ရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားတို့ကို စတင်ဆောင်ရွက်ပေးခြင်းကို ကြည့်ရှု့အားပေး ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments