ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
ကျွန်းလှ နိုဝင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၇ နာရီခွဲက ပြည်သူများအား မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်ပြီး မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာ ဝင်းဇော်ဌေးဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား ကျန်းမာရေးစစ်ဆေးပေးပြီး စနစ်တကျ ထိုးနှံပေးကြသည်။
ထို့ပြင် ဦးတည်အုပ်စုပါဝင်သည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းဆေးများထိုးနှံပေးပြီး ကာကွယ်ဆေးထိုးနှံခြင်းကို ပူးပေါင်း ပါဝင်ကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ လိုက်နာကြရန် အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)
No comments