မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧက တင်း (၁၁၇) ထွက်ရှိ
တောင်တွင်းကြီး နိုဝင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့ နံနက် ၈ နာရီခွဲက ဝက္ကသေးကျေးရွာရှိ တောင်သူ ဦးအောင်ဇော်ဝင်း၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်အတွင်း မိုးစပါးအထွက်နှုန်း မှန်ကန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ မိုးစပါး စံကွက်ရိတ်သိမ်းခဲ့ရာ ဧရာမင်းစပါးမျိုး စပါးအစိုအထွက်နှုန်း တစ်ဧကလျှင် (၁၁၇)တင်း ထွက်ရှိကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရေအသုံးချသူများအဖွဲ့မှ တောင်သူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
No comments