ဟိုပုံးမြို့နယ်တွင် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ
ဟိုပုံး နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ဟိုပုံးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စွမ်းရည်ပြိုင်ပွဲတွင် သင်္ချာဘာသာရပ်၊ အင်္ဂလိပ်စာဘာသာရပ် ရေးဖြေယှဉ်ပြိုင်ခြင်းကို နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ပြီး အင်္ဂလိပ်စွမ်းရည် လူတွေ့ပြိုင်ပွဲကို နေ့လည်ပိုင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲတွင် Grade-5 မှ Grade -9 ထိ ကျောင်းသား ကျောင်းသူ (၂၄၁)ဦး၊ သင်္ချာ စွမ်းရည်ပြိုင်ပွဲတွင် Grade-5 မှ Grade-9 ထိ(၂၆၀)ဦး စုစုပေါင်း (၄၃၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
စွမ်းရည်ပြိုင်ပွဲကို မြို့နယ်ပညာရေးမှူး ဦးမြင့်ဝေနှင့် အထက(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းနွဲ့၊ အထက(၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်အေးတို့၏ ကြီးကြပ်မှုဖြင့် ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ (ပြန်/ဆက်)
No comments