ရှမ်းရွာသစ်မြို့၌ တောင်ယာငရုတ်သီးပေါ်ချိန်ဖြစ်၍ စိုက်ပျိုးသူများ အဆင်ပြေ




ရှမ်းရွာသစ် နိုဝင်ဘာ ၂၅


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးရွာအုပ်စုများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသော ဒေသခေါ်တောင်ယာငရုတ်သီးများ ပေါ်ဦးပေါ်ဖျားပေါ်ချိန်ဖြစ်၍ အသီးအထွက်နှုန်း ကောင်းကာ ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။


တောင်ယာငရုတ်သီးပင်များကို မျိုးစေ့များကြဲပက်သည့် စနစ်ဖြင့်လည်းကောင်း၊ အပင်ပေါက်များ ပျိုးထောင်၍သော်လည်းကောင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြကြောင်း၊ တောင်ယာငရုတ်သီး တစ်ပြည်လျှင် ငွေကျပ် ၃၀၀၀ ရရှိရာ မိသားစုများ ဝင်ငွေပုံမှန်ရရှိသဖြင့် အဆင်ပြေလျက်ရှိကြောင်း ဒေသနေပြည်သူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။


ဇင်လေး(ပြန်/ဆက်)

No comments

Powered by Blogger.