သာကေတမြို့နယ်၌ စျေးနှုန်းသက်သာစွာ စာသုံးဆီများရောင်းချ





သာကေတ နိုဝင်ဘာ ၂၅


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဥ်ဖြင့် စားသုံးဆီများကို သက်သာသောနှုန်းထားဖြင့် နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းမှစတင်ကာ လှည့်လည်ရောင်းချလျက်ရှိရာ သာကေတမြို့နယ် ၅/ ရပ်ကွက်တွင် ပြည်သူတစ်ဦးလျှင် စားအုန်းဆီ တစ်ပိဿာ ငွေကျပ် ၄၆၀၀ ဖြင့် ရောင်းချပေးလျက်ရှိသည်။ အဆိုပါ စားသုံးဆီများ ရောင်းချရာတွင် တစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ပိဿာ ၂၀၀ အား ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။ 


ဆောင်းနှင်းဖြူ(ပြန်/ဆက်)

No comments

Powered by Blogger.