နယ်စပ်ရေးရာဝန်ကြီးဌာနက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း
နေပြည်တော် နိုဝင်ဘာ ၂၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဒေသအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများနှင့် အခြားဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိ ပါသည်။
ထိုသို့လှူဒါန်းလျှက်ရှိရာတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသအတွင်း ကျိုင်းတုံမြို့နယ်၊ မိုင်းဆတ်မြို့နယ်၊ တာချီလိတ်မြို့နယ်နှင့် မိုင်းဖြတ်မြို့နယ်များအတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းထားပြီးဖြစ်ပြီး ၂၂-၁၁-၂၀၂၂ ရက်နေ့တွင်လည်း မက်မန်းမြို့နယ်၊ ဥတ္တရာရုံကျောင်းတိုက်သို့ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ) မှ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ထပ်မံလှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments