မြို့ပြများ ဘက်စုံသန့်ရှင်းသာယာလှပစေရေး အရှိန်အဟုန်မပြတ် ဆောင်ရွက်ကြရန် တိုင်းဒေသကြီးဝန်ကြီးချုပ် မှာကြား
နေပြည်တော် နိုဝင်ဘာ ၂၂
မြို့ပြများ ဘက်စုံသန့်ရှင်းသာယာလှပစေရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်း အဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့တစ်ခု၏ စည်ပင်သာ ယာရေးလုပ်ငန်းများသည် ယင်းမြို့၏ရရှိသည့် ဝင်ငွေခွန်အပေါ်တွင် မူတည်နေသဖြင့် ခေတ်နှင့် လျော်ညီသည့် အခွန်အခများရရှိစေရေး ဆောင်ရွက်သွားရန်လိုအပ်သကဲ့သို့ အခွန်ပုန်း၊ အခွန်ရှောင်များကိုလည်း ဖော်ထုတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လာမည့် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အလိုက် သန့်ရှင်းသာယာလှပစေရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများကို စနစ်တကျ ကြိုတင်ပြင်ဆင် ရေးဆွဲထားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိများက မြို့နယ်အလိုက် ဝင်ငွေနှင့်အသုံးစရိတ်များ၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် မြို့သန့် ရှင်းသာယာလှပစေရေး ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)ခု၌ ဆောင်ရွက် နေသည့် စည်ပင်သာယာရေး လုပ်ငန်းများကိုလည်းကောင်း အသေးစိတ်ရှင်းလင်းတင်ပြကြ သည်။
ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက ဖြည့်စွက်ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments