မဲခေါင်-လန်ချန်း နိုင်ငံများအကြား ဆင်းရဲမှုလျော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Joint Working Group – JWG)၏ (၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ





နေပြည်တော် နိုဝင်ဘာ ၂၂


မဲခေါင်-လန်ချန်း နိုင်ငံများအကြား ဆင်းရဲမှုလျော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Joint Working Group – JWG)၏ (၆)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ၍ ယနေ့မွန်းလွဲ ၁ နာရီက Virtual Conference စနစ်ဖြင့် ကျင်းပပြုလုပ်ရာ မဲခေါင်-လန်ချန်း ဆင်းရဲမှုလျော့ချရေးဆိုင်ရာ Focal Department ဖြစ်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးသည်။


အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျေးလက်ဒေသဆင်းရဲမှု လျော့ချရေး စီမံခန့်ခွဲမှု အဖွဲ့ (NRRA)မှ ညွှန်ကြားရေးမှူးချုပ် Mr. Xin Jiamin နှင့် ထိုင်းနိုင်ငံ Community Development Department မှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က အဖွင့်အမှာစကားပြောကြားကြသည်။


ဆက်လက်၍ မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီယားနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမှ မဲခေါင်-လန်ချန်း ဆင်းရဲမှုလျော့ချရေးဆိုင်ရာ Focal Department ဖြစ်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် တာဝန်ရှိသူများက မဲခေါင်-လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှု အတွေ့ အကြုံများမျှဝေဖလှယ်ခြင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ ဆင်းရဲမှုလျော့ချရေးကဏ္ဍ (၅)နှစ်စီမံချက် (၂၀၁၈-၂၀၂၂) အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု၊ ၂၀၂၃-၂၀၂၇ စီမံချက်အတွက် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို အပြန်အလှန်ဆွေးနွေးကြသည်။


အဆိုပါ အစည်းအဝေးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျေးလက်ဒေသ ဆင်းရဲမှုလျော့ချရေး စီမံခန့်ခွဲမှုအဖွဲ့ (NRRA)မှ ညွှန်ကြားရေးမှူးချုပ်နှင့် မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများမှ ဆင်းရဲမှု လျော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Joint  Working Group- JWG)မှ တာဝန်ရှိသူ များ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း  သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.