(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သုံးခွမြို့နယ် ကန်မြင့်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်ဂဝံလမ်းသစ်ဖွင့်



 

သုံးခွ ဒီဇင်ဘာ ၃၀


(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ကန်မြင့်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက ကျေးလက်ကုန်ထုတ်ဂဝံလမ်းသစ်ကို ဖွင့်လှစ်ပေးခဲ့သည်။


အဆိုပါ သုံးခွမြို့နယ် ကံမြင့်ကျေးရွာကုန်ထုတ်လမ်းသည် အရှည် (၀/၂.၁၂)မိုင်၊ အကျယ်(၁၂)ပေနှင့် ထု(၉)လက်မရှိ ဂဝံလမ်းသစ်ကို ၂၀၂၂-၂၀၂၃ ဘတ်ဂျက် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေကျပ်သန်း (၂၅)သန်း ဖြင့် ကောင်းထူးအိမ် ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။


အဆိုပါ ကုန်ထုတ်လမ်းသစ်အား ဆောင်ရွက်ပေးနိုင်မှုကြောင့် ကျေးလက်နေ ပြည်သူများ၏ လယ်ယာထွက်ကုန်ပစ္စည်းများ၊ လယ်ယာအတွက် လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ သယ်ယူပို့ဆောင်နိုင်မူ့ကြောင့် အချိန်ကုန်ခြင်း၊ လူပင်ပန်းခြင်းများ မရှိတော့ဘဲ လယ်ယာထွက်ကုန်များကို အချိန်နှင့်တစ်ပြေးညီ တင်ပို့နိုင်မှုကြောင့် စီးပွားရေးများ အဆင်ပြေ၍ လူနေမှုဘဝများ တိုးတက်လာမည်ဖြစ် ကြောင်းနှင့် ကံမြင့်ကျေးရွာအနီးပတ်၀န်းကျင်ရှိ ကျေးရွာများမှလည်း အဆိုပါလမ်းသစ်ကိုအသုံးပြု၍ ကုန်စည်များတင်ပို့ ရောင်းချရာတွင် အလွယ်တကူ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။


စည်သူလင်း (ပြန်/ဆက်)

No comments

Powered by Blogger.