မိုင်းဆတ်မြို့အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/သူများအား အထူးလျော့ရက် ခံစားခွင့်ပြုနိုင်ရန် သွားရောက်စစ်ဆေး

 



မိုင်းဆတ် ဒီဇင်ဘာ ၃၀


ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့ အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူများအား အထူးလျော့ရက် ခံစားခွင့်ပြုနိုင်ရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ယနေ့ နံနက်(၁၀)နာရီက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့သွားရောက်စစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား/သူများအား မိမိတို့ ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် ပြစ်ဒဏ်ကျခံနေရစဉ် အကျဉ်းဦးစီးဌာနမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရေး၊ ကျန်းမာရေးဂရုစိုက်နေထိုင်ရေး၊ ပြစ်ဒဏ်ကျခံနေစဉ်အတွင်း တစ်ဦးနှင့်တစ်ဦး ဖေးမကူညီစောင့်ရှောက်ပြီး စည်းလုံးညီညွတ်စွာ နေထိုင်ရေးနှင့် ပြစ်ဒဏ်မှ လွတ်မြောက်ပါက ကောင်းမွန်စွာနေထိုင်ရေးတို့ကို မှာကြားခဲ့သည်။


အဆိုပါ စစ်ဆေးခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနိုင်လင်းထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်တို့က မိုင်းဆတ်မြို့ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူများအနက် အကျဉ်းဦးစီးဌာန၏  စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်သူ “က”အဆင့်(၆၆)ဦး၊ “ခ” အဆင့်(၇)ဦး၊ “ဂ”အဆင့် (၁၄)ဦး စုစုပေါင်းအကျဉ်းသား/သူ(၈၇)ဦးတို့အား အထူးလျော့ရက်ခံစားခွင့်ပြုခဲ့ကြောင်းသိရသည်။


ခရိုင် (ပြန်/ဆက်)



No comments

Powered by Blogger.