စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပန်းအလှထိုးနည်းသင်တန်းဖွင့်လှစ်




စဉ့်ကိုင်  ဒီဇင်ဘာ  ၃၀


မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်  Woman Club အသင်းတို့ပူးပေါင်း၍ ပန်းအလှထိုးနည်း သင်တန်းကို ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ဖွင့်လှစ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ  ဒေါ်၀င်း၀င်းသန်း က ပန်းအလှထိုးသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ဒေါ်အေးသီတာ(သင်တန်း နည်းပြ) မှအလှပန်းထိုးနည်း၊ စားပွဲတင်ပန်းအလှထိုးနည်း၊ လက်ကိုင်ပန်းထိုးနည်း၊ အလှူမင်္ဂလာဆောင်များတွင် ပန်းအလှဆင်ထိုးနည်းများကို လက်တွေ့သင်ကြားပေးခဲ့သည်။


အဆိုပါသင်တန်းတွင် Woman Club ဥက္ကဋ္ဌ ဒေါ်ခင်ဆန်းနှင့်အဖွဲ့၀င်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့၀င်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၀င်များ တက်ရောက်ခဲ့ကြပြီး အုပ်စုအလိုက်အဖွဲ့ခွဲ၍ လက်တွေ့ပန်းအလှထိုးခြင်း ဆောင်ရွက်ခဲကြရာ ပန်းအလှထိုးနည်းသင်တန်းတွင် သင်တန်းသူ (၁၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 


စဉ့်ကိုင်မြို့နယ် (ပြန်/ဆက်)



No comments

Powered by Blogger.