နိုင်ငံတကာနှစ်သစ်ကူးအားလပ်ရက်အတွင်း ကော့သောင်းမြို့နယ် ပင်လယ်အပန်းဖြေကျွန်းများသို့ ပြည်တွင်းခရီးသွားဧည့်သည်များ လာရောက်လည်ပတ်



ကော့သောင်း  ဇန်နဝါရီ ၁ 

တနင်္သာရီတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာနေမှုနှင့်အတူ နိုင်ငံတကာနှစ်သစ်ကူးအားလပ်ရက်များအတွင်း ကော့သောင်းမြို့နယ်၊အက်ဒမန်ပင်လယ်အတွင်းရှိ အပန်းဖြေကျွန်းများသို့ အနယ်နယ်အရပ်ရပ်မှ ပြည်တွင်းဧည့်သည်များ ယနေ့နံနက်ပိုင်းက လာရောက်လည်ပတ်လျှက်ရှိပြီး မြို့နေပြည်သူအများစုမှာ ထိုင်းနိုင်ငံရနောင်းမြို့ဖက်သို့ နှစ်သစ်ကူးအလည်အပတ်သွားရောက်ကြသူများဖြင့် စည်ကားလျက်ရှိသည်။


လာရောက် လည်ပတ်ကြသည့် ပြည်တွင်းခရီးသွားဧည့်သည်များ မှာ ရန်ကုန်၊မန္တလေး နှင့်အထက်မြန်မာပြည်မြို့များမှဖြစ်ကြပြီး ကော့သောင်းမြို့၏ အထင်ကရ သမိုင်းဝင်နေရာများဖြစ်သည့် ယခင် ဗစ်တိုးရီးယားပွိုင့် (ခေါ်) ဘုရင့်နောင်အငူ ၊ ဘုရင့်နောင်မင်းတရားကြီးရုပ်တုကုန်းမြေ ၊မြို့ကျက်သရေဆောင်ပြည်တော်အေးစေတီတော် ၊၅၅၅တောင်ဗျူးပွိုင့် ၊ မလိဝမ်းသဘာဝရေတံခွန် ၊ သဘာဝရေပူစမ်းနှင့် ကော့သောင်းမြို့ အနီး  အက်ဒမန်ပင်လယ်အတွင်းရှိ သာယာလှပသည့် သဘာဝအလှမပျက်ယွင်းသေးသည့် ငှက်သိုက်ကျွန်း ၊ ညောင်ဦးဖီးကျွန်း၊စေတန်ကျွန်း၊ မြင်းခွာကျွန်း၊ စောင်းကောက်ကျွန်း၊ ကြက်မောက်ကျွန်း(ခ)အသည်းပုံကျွန်း၊ သူဌေးကျွန်း နှင့်ခရင်းခွကျွန်းစသည့်နေရာများသို့ အများဆုံးသွားရောက်လည်ပတ်ကြည့်ရှုလေ့လာအပန်းဖြေကြကြောင်း ၊ မြို့နေပြည်သူများအနေဖြင့် မြန်မာ-ထိုင်းနယ်စပ်ဖြတ်သန်းခွင့်ဖြင့်အိမ်နီးခြင်းထိုင်းနိုင်ငံရနောင်းမြို့သို့သွားရောက်လည်ပတ်အနားယူ ခြင်း၊ ဈေးဝယ်ထွက်ခြင်းများဖြင့်စည်ကားလျှက်ရှိကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)


No comments

Powered by Blogger.