ကမ္ဘောဒီးယားနိုင်ငံ၌ ဟိုတယ်တစ်လုံးမီးလောင်၊ လူ ၁၉ ဦးထက်မနည်း သေဆုံး



ဖနောင်ပင်   ဒီဇင်ဘာ   ၃၀


ကမ္ဘောဒီးယားနိုင်ငံ      ကာစီနို ဟိုတယ်တွင်     မီးလောင်ခဲ့ရာ လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ ပြီး  ၅၀  ထက်မနည်း  ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ 


ဒီဇင်ဘာ   ၂၈  ရက်   ညပိုင်း က     မီးလောင်ခဲ့ခြင်းဖြစ်သည် ဟု    ဒေသခံအာဏာပိုင်များက ပြောသည်။     နိုင်ငံအနောက် မြောက်ပိုင်း ပွိုင်ပက်မြို့ရှိ ကာစီနို အဆောက်အအုံတွင်   မီးလောင်ခဲ့ ခြင်းဖြစ်သည်။ မီးလောင်ရာနေရာ သို့ မီးသတ်သမားများ  စေလွှတ်ခဲ့ ပြီး  ဒဏ်ရာရရှိသူများကို ကုသမှု ပေးခဲ့သည်ဟု ဒေသခံအာဏာပိုင် များက ပြောသည်။  


အချို့သော        လူများမှာ အဆောက်အအုံအတွင်း   ပိတ်မိ နေခဲ့ရာ  ကယ်ဆယ်ရေးလုပ်ငန်း များကို      လုပ်ဆောင်နေဆဲ ဖြစ်သည်။ ပွိုင်ပက်မြို့မှာ ကမ္ဘော ဒီးယား-ထိုင်းနယ်စပ်တွင်   ရှိပြီး နိုင်ငံခြားသားများအတွက် ကာစီနို ဝိုင်းများစွာရှိသည့်     မြို့လည်း ဖြစ်သည်။     မီးလောင်ရခြင်း အကြောင်းကို   စုံစမ်းစစ်ဆေးဆဲ ဖြစ်သည်။ 


မီးလောင်မှုမှာ ဒီဇင်ဘာ ၂၉ ရက် နံနက်   ၇ နာရီအထိ  လုံးဝ ငြိမ်းသွားခြင်း       မရှိသေးချေ။ ထို့ကြောင့် ကယ်ဆယ်ရေးလုပ်ငန်း များလည်း ဆက်လက်လုပ်ဆောင် ခဲ့သည်။ ရဲဌာန၏ ပြောကြားချက် အရ  ဟိုတယ်နှင့် ကာစီနိုဝန်ထမ်း ပေါင်း  ၄၀၀   နီးပါး  လုပ်ကိုင်နေ သည်ဟုလည်း သိရသည်။


အင်န်အိတ်ချ်ကေ  

No comments

Powered by Blogger.