တရုတ်နိုင်ငံမှ ၄၅၈ စင်းမြောက် ဂြိုဟ်တုလွှတ်တင်



ရှီချန်း  ဒီဇင်ဘာ  ၃၀


တရုတ်နိုင်ငံသည်   အာကာသ အတွင်း စမ်းသပ်ဂြိုဟ်တုသစ်တစ်ခု ကို   ထားရှိရန်   လောင်းမတ်ချ်- ၃ ဘီ  သယ်ဆောင်သည့်   ဒုံးပျံ တစ်စင်းကို   ဒီဇင်ဘာ  ၂၉   ရက် တွင်  လွှတ်တင်ခဲ့ကြောင်း  သိရ သည်။


အဆိုပါဒုံးပျံကို  တရုတ်နိုင်ငံ အနောက်တောင်ပိုင်း    ရှီချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ပေကျင်းစံတော်ချိန်  မွန်းလွဲ  ၁၂ နာရီ ၄၃ မိနစ်တွင် လွှတ်တင်ခဲ့ ပြီး ကြိုတင်သတ်မှတ်ထားသည့် ပတ်လမ်းထဲသို့  ရှီယန် - ၁၀ ၀၂ ဂြိုဟ်တုကို သယ်ဆောင်ခဲ့ကြောင်း သိရသည်။ 


ရှီယန်သည် တရုတ်နိုင်ငံတွင် စမ်းသပ်မှုဟု  အဓိပ္ပာယ်ရသည်။ အသစ်    လွှတ်တင်လိုက်သည့် ရှီယန်ဂြိုဟ်တုကို    အာကာသ ပတ်ဝန်းကျင်  စောင့်ကြည့်ခြင်း ကဲ့သို့သော အာကာသနည်းပညာ သစ်များကို   ပတ်လမ်းကြောင်း အတွင်း   ဆန်းစစ်ခြင်းအတွက် အသုံးပြုမည်ဖြစ်ကြောင်း    သိရ သည်။ 

အဆိုပါ       ဂြိုဟ်တုသည် လောင်းမတ်ချ်စီးရီးဒုံးပျံကို အသုံး ပြုသည့် ၄၅၈ ခုမြောက် ပျံသန်း ရေးမစ်ရှင်ဖြစ်ကြောင်း သိရသည်။


ဆင်ဟွာ


No comments

Powered by Blogger.