ရှေးဟောင်းမြို့တော်ကို ပြန်လည်ပြင်ဆင်ရန် မွန်ဂိုလီးယားသမ္မတ အမိန့်ထုတ်ပြန်



အူလန်ဘက်တာ   ဒီဇင်ဘာ   ၃၀


မွန်ဂိုလီးယားသမ္မတ ယုခါနာ ခါရယ်ဆာ့သည်  ခါခိုရမ်အဖြစ်  လူသိများသည့် နိုင်ငံ၏ ရှေးဟောင်း မြို့တော် ခါခိုရင်ကို ပြန်လည်ပြင်ဆင်ရန် ဒီဇင်ဘာ ၂၉ ရက်တွင် အမိန့်ထုတ်ပြန်သည်။


ထိုသို့လုပ်ဆောင်ခြင်းသည် နိုင်ငံသားများ ကျန်းမာစွာနေထိုင်နိုင်ရန်၊ ပတ်ဝန်းကျင် ဘေးကင်းစေရန်၊ အခြေခံလူမှုရေးဝန်ဆောင်မှုများ   တိုးတက်လာစေရန်၊  ဒေသဖွံ့ဖြိုးတိုးတက်ရေးကို  မျှတမှုရှိစေရန်၊ အဖိုးတန်သမိုင်းဝင်များကို ပြန်လည်ထိန်းသိမ်းရန်နှင့် သမိုင်းအမွေအနှစ်များကို ဖန်တီးရန်ရည်ရွယ်ခြင်း ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ထားသည်။


ခါခိုရင်မြို့သည် မွန်ဂိုလီးယားနိုင်ငံ၏ လက်ရှိမြို့တော်အူလန်ဘက်တာ၏ အနောက်ဘက် ၃၀၀ ကီလိုမီတာကျော် အလယ်ပိုင်းအူဗာခန်ဂိုင်ပြည်နယ်ပိုင်နက်တွင် တည်ရှိသည်။  နိုင်ငံ၏လူဦးရေ  ၃ ဒသမ ၄  သန်းအနက် ထက်ဝက်ကျော်နေထိုင်သည့် အူလန်ဘက်တာသည် ယာဉ်ကြောပိတ်ဆို့မှု၊ လေထုညစ်ညမ်း မှုနှင့် အိမ်ရာပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ 


ဆင်ဟွာ

No comments

Powered by Blogger.