ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၉) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနား ကျင်းပ



နေပြည်တော်   ဒီဇင်ဘာ   ၂၇


ဘွဲ့ရအမျိုးသမီး   ဗိုလ်လောင်းသင်တန်း  အမှတ်စဉ် (၉) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင်  ရန်ကုန်မြို့ရှိ  တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) စစ်ရေးပြကွင်း၌    ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ  စိုးဝင်း  တက်ရောက်မိန့်ခွန်း ပြောကြားသည်။



အဆိုပါ  အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့်အတူ ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ   တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊  ရန်ကုန်တိုင်းစစ် ဌာနချုပ် တိုင်းမှူး၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ) ကျောင်းအုပ်ကြီး၊  ရန်ကုန်တပ်နယ် မှ တာဝန်ရှိသူများ၊   ကျောင်းဆင်းဗိုလ်လောင်းများ ၏ မိဘအုပ်ထိန်းသူများဖြစ်သည့် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း   (မှော်ဘီ)   စာပေဌာနနှင့် လေ့ကျင့်ရေးဌာနတို့မှ နည်းပြအရာရှိများနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့်   ဧည့်သည်တော် များ တက်ရောက်ကြသည်။


ချီတက်အလေးပြု


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ   ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူး ကြီး သရေစည်သူ  စိုးဝင်းက   ဗိုလ်လောင်းတပ်ခွဲ၏ အလေးပြုခြင်းကိုခံယူပြီး      အလံတော်အဖွဲ့နှင့် ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲအား  စစ်ဆေးသည်။ ယင်းနောက်       ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား     ဗိုလ်လောင်းတပ်ခွဲများက   အနှေး လျှောက်၊ အမြန်လျှောက်ဖြင့်   ချီတက်အလေးပြုကြ သည်။


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ      ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်   (ကြည်း)   ဒုတိယ ဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်းက တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရ အမျိုး သမီး    ဗိုလ်လောင်းသင်တန်း    အမှတ်စဉ်  (၉)  မှ အကောင်းဆုံး ဗိုလ်လောင်းဆုရရှိသူ   ဗိုလ်လောင်း အမှတ် ( ၅၆)    ဗိုလ်လောင်း  သိမ့်နန္ဒာအောင်အား ဆုပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်   (ကြည်း)    ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ   စိုးဝင်းက   မိန့်ခွန်းပြောကြားရာတွင် ယနေ့ကမ္ဘာပေါ်တွင်  အမျိုးသမီးများ၏ စွမ်းဆောင် ရည် ကဏ္ဍသည်  ကျယ်ပြန့်လာသည့်အပြင်   ထူးချွန် ထက်မြက်သည့်      အမျိုးသမီးပညာရှင်များလည်း ပေါ်ထွန်းလာခဲ့ပြီဖြစ်ကြောင်း၊  ကမ္ဘာ့နိုင်ငံအသီးသီး၏ တပ်မတော်များတွင်   အမျိုးသမီးများ၏   စစ်မှုထမ်း ဆောင်ခြင်း    အခန်းကဏ္ဍသည်    များပြားလာပြီး အခန်းကဏ္ဍအလိုက်          အဆင့်မြင့်တာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်ကြောင်း။


စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိ


တပ်မတော်တွင်    အမျိုးသမီးစစ်မှုထမ်းများ၏ အခန်းကဏ္ဍမြင့်မားရေးကို အစဉ်တစိုက် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ   ဘွဲ့ရအမျိုးသမီး အရာရှိများကို  ယခုအမှတ်စဉ်(၉)အထိ  မွေးထုတ်ပေး နိုင်ခဲ့ပြီဖြစ်ကြောင်း၊   ထို့ကြောင့်   မကြာမီ လက်တွေ့ နယ်ပယ်တွင်    နိုင်ငံတော်နှင့်  တပ်မတော်အတွက် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရတော့မည် ဖြစ်သည့်အတွက်      တပ်မတော်၏    မွန်မြတ်သည့် အစဉ်အလာကောင်းများ၊  သိသင့်သိထိုက်သည်များ ကို       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ    မင်းအောင်လှိုင်     ကိုယ်စား အလေးအနက်ထား မှာကြားလိုကြောင်း၊ တပ်မတော် (ကြည်း)   ဗိုလ်သင်တန်းကျောင်း    (မှော်ဘီ)    မှ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ကာကွယ် ရေးတာဝန်ကို   ထမ်းဆောင်ရာ၌   အမျိုးသမီးစစ်မှု ထမ်းများ          ပါဝင်ထမ်းဆောင်နိုင်စေရန်အတွက် အမျိုးသမီးစစ်မှုထမ်း  (အရာရှိ)  များအား   လေ့ကျင့် သင်ကြားမွေးထုတ်ပေးရန်”   ဆိုသည့်   ကောင်းမွန် သည့် ရည်ရွယ်ချက်နှင့် အမျိုးသမီးစစ်မှုထမ်း(အရာရှိ)များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိကြောင်း။


ရည်မှန်းချက်ထား လေ့ကျင့်ပေးလျက်ရှိ


နိုင်ငံတော်ကာကွယ်ရေး     တာဝန်တစ်ရပ်သည် နိုင်ငံတော်အတွင်း                မှီတင်းနေထိုင်ကြသည့် ပြည်ထောင်စုဖွားတိုင်းရင်းသား         အမျိုးသား၊ အမျိုးသမီးမရွေး မဖြစ်မနေထမ်းဆောင်ရမည့် သမိုင်း ပေးတာဝန်တစ်ရပ်ပင်ဖြစ်ကြောင်း၊        ထို့ကြောင့် အမျိုးသမီးစစ်မှုထမ်းများကိုလည်း   အမျိုးသားစစ်မှု ထမ်းများနည်းတူ     ရင်ပေါင်တန်းပြီး  နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို      ထမ်းဆောင်နိုင်ရန် ရည်မှန်းချက်ထား လေ့ကျင့်ပေးလျက်ရှိကြောင်း။


နိုင်ငံ၏သမိုင်းနှင့်    တပ်မတော်၏သမိုင်းသည် တစ်ထပ်တည်း   တည်ရှိနေကြောင်း၊     နိုင်ငံသည် လွတ်လပ်ရေးကြိုးပမ်းမှုကာလ၊           ပြည်တွင်း သောင်းကျန်းမှု    ချေမှုန်းရေးကာလနှင့်     ပါတီစုံ ဒီမိုကရေစီစနစ်ကာလများကို ဆူကြုံနိမ့်မြင့် ကြုံတွေ့ ခဲ့ရပြီး     တပ်မတော်သည်လည်း        နိုင်ငံတော်၏ အမျိုးသားရေးကိစ္စရပ်တိုင်းတွင်  နိုင်ငံတော်နှင့်အတူ ယှဉ်တွဲလိုက်ပါပြီး    နိုင်ငံ့အကျိုး၊    ပြည်သူ့အကျိုးကို ဦးလည်မသုန်        ကြိုးပမ်းထမ်းဆောင်ခဲ့ရကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့မှုသည်   တပ်မတော်၏ သမိုင်း ကြောင်းနှင့်အတူ ပါရှိလာခဲ့သည့်  အစဉ်အလာကောင်း များပင်ဖြစ်ကြောင်း။

တပ်မတော်သည်       လွတ်လပ်ရေးကြိုးပမ်းမှု ကာလဖြစ်သည့် BIA၊ BDA ခေတ်တွင် လွတ်လပ်ရေး သည် ပထမ၊  လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ် ရေးသည် တတိယမှအစပြုပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်း  ပြည်ထောင်စုမပြိုကွဲရေး၊    တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊   အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးဆိုသည့်    မူဝါဒများအထိ    နိုင်ငံ့အရေး မှန်သမျှကို  အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊  အဆိုပါမူဝါဒများကို ပြန်ကြည့်မည်ဆိုပါက      ခေတ်အဆက်ဆက်တွင် ဖြစ်တည်ခဲ့သည့်  နိုင်ငံတော်၏  ပကတိလိုအပ်ချက် များကို     မူဝါဒများ     အဆင့်ဆင့်ပြောင်းလဲချမှတ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။



လက်ရှိအခြေအနေတွင်လည်း    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက    နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်  ဦးတည်ချက် (၉)ရပ် ချမှတ်ကာ    နိုင်ငံ့အရေးအတွက်    စစ်မှန် စည်းကမ်းပြည့်ဝသည့်     ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာ ရေး၊ ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို   အခြေခံ သည့်      ပြည်ထောင်စုတည်ဆောက်ရေး      နိုင်ငံရေး ရည်မှန်းချက် ၂ ရပ်နှင့်  တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး စသည့် အမျိုးသားရေးရည်မှန်း ချက် ၂ ရပ်တို့ကို   အားကြိုးမာန်တက်    အကောင် အထည်ဖော်လျက်ရှိကြောင်း။


ကမ္ပည်းတင်နိုင်အောင်လည်းကြိုးစား


တပ်မတော်သား  အမျိုးသမီးအရာရှိများအဖြစ် တာဝန်ထမ်းဆောင်တော့မည့်သူများဖြစ်၍ နိုင်ငံတော် ၏သမိုင်း၊    တပ်မတော်၏   သမိုင်းကြောင်းများကို အသေးစိတ်သိရှိအောင်  လေ့လာထားကြရန်  လိုအပ် ကြောင်း၊    သို့မှသာ    တပ်မတော်၏   အစဉ်အလာ ကောင်းသည့်သမိုင်းကြောင်းများကို    ဆက်လက် ထိန်းသိမ်းနိုင်ကြမည်ဖြစ်ပြီး ကောင်းမွန်သည့် သမိုင်း ကြောင်းများ ကမ္ပည်းတင်နိုင်အောင်လည်း  ကြိုးစား ဆောင်ရွက်သွားကြရန် လိုကြောင်း။

မြန်မာ့တပ်မတော်သမိုင်းကြောင်းတွင် အမျိုးသမီး တပ်ဖွဲ့ဝင်များ၏  စွမ်းဆောင်ရည်အချို့ကို ပြန်လည် လေ့လာကြည့်မည်ဆိုပါက   လွတ်လပ်ရေးကြိုးပမ်းမှု ကာလတွင်   မြန်မာအမျိုးသမီးများ၏    ကြိုးပမ်းမှု ကဏ္ဍအချို့ကို   တွေ့မြင်ရမည်ဖြစ်ကြောင်း၊   ၁၉၄၈ ခုနှစ်     လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း အမျိုးသမီးအရာရှိနှင့်  အခြားအဆင့် စစ်မှုထမ်းများကို လက်ရုံးတပ်ဖွဲ့များနှင့်  ကယ်ဆယ်ရေးတပ်ဖွဲ့များတွင် တာဝန်ပေးခဲ့သည်ကို တွေ့ရှိရကြောင်း၊ ၁၉၅၄ ခုနှစ် က  ဖွဲ့စည်းခဲ့သည့်   မြန်မာအမျိုးသမီး  စစ်ဝန်ထမ်း တပ်ဖွဲ့ဝင်များမှ အမျိုးသမီးအရာရှိများသည်  ကျရာ တာဝန်ကို   ကျေပွန်စွာ   ထမ်းဆောင်နိုင်ခဲ့ကြသည့် အစဉ်အလာကောင်းများကို  ဂုဏ်ယူဖွယ်ရာ တွေ့ရှိရ ကြောင်း။


တပ်မတော်အနေဖြင့်    ကာကွယ်ရေးစွမ်းအား တည်ဆောက်ရာတွင်  မြန်မာအမျိုးသမီးထု ပါဝင်နိုင် ရေး အမျိုးသမီးများ၏အခန်းကဏ္ဍ  မြှင့်တင်ရေးနှင့် တပ်မတော်တွင်   အမျိုးသမီးစစ်မှုထမ်းများ   ပါဝင် ထမ်းဆောင်နိုင်ရေးတို့အတွက်   သင်တန်းကျောင်း များဖွင့်လှစ်ပြီး       လေ့ကျင့်မွေးထုတ်ပေးလျက် ရှိကြောင်း၊ ထို့အပြင်  သင်တန်းဆင်းဘွဲ့ရ အမျိုးသမီး အရာရှိများကို    သက်ဆိုင်ရာ     ဘာသာရပ်အလိုက် မဟာဘွဲ့၊ ပါရဂူဘွဲ့များရရှိနိုင်ရေး  ဆက်လက်ပညာဆည်းပူးသင်ကြားစေလျက်ရှိကြောင်း။


လေ့လာဆည်းပူးသွားကြရန်လို


တပ်ဖွဲ့အသီးသီး၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ရန်    တပ်ဖွဲ့တိုင်း၏     လုပ်ငန်းခွင် ပညာရပ်များကို   လေ့လာဆည်းပူးသည့်နေရာတွင် တန်းမြင့်သင်တန်းများ၊ အထက်အရာရှိများ၊ လုပ်ဖော် ကိုင်ဖက်များမှတစ်ဆင့် သင်ယူလိုစိတ်၊ မှတ်သားလို စိတ်၊ လေ့လာလိုစိတ်များဖြင့်   လေ့လာသင်ယူသွား ကြရမည်ဖြစ်ကြောင်း၊ ထို့အပြင်  စာပေပညာရပ်များ ကတစ်ဆင့်လည်း     လေ့လာဆည်းပူးသွားကြရန် လိုအပ်ကြောင်း၊  သို့မှသာ လုပ်ငန်းခွင်အလိုက် ကျရာ တာဝန်များကို   ကျွမ်းကျင်စွာ   ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း။


ဂုဏ်ယူစွာတွေ့မြင်ရမည်


ယနေ့     မြန်မာ့တပ်မတော်တွင်    အမျိုးသမီး စစ်မှုထမ်းအရာရှိ၊ စစ်သည်များသည်  (ကြည်း၊ ရေ၊ လေ) ရုံး၊  ဌာနများအပါအဝင် လက်ရုံးဝန်ထမ်းတပ်ဖွဲ့ အသီးသီးတွင် တာဝန်ကျေပွန်စွာ  ထမ်းဆောင်လျက် ရှိကြောင်း၊   ကျယ်ပြောလှသည့်   ပင်လယ်သမုဒ္ဒရာ ကို မိုင်ထောင်ချီလှိုင်းကြီးလှေအောက် ဖြတ်ကျော်ပြီး ချစ်ကြည်ရေးခရီးစဉ်များနှင့်   ပူးတွဲလေ့ကျင့်ခန်း များအတွက်   သွားရောက်ခဲ့ကြသည့်   စစ်ရေယာဉ် ခရီးစဉ်များ၊ မြန်မာ့ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ရှိ ပြည်သူလူထုကို ဆေးကုသမှုပေးနေသည့် ခရီးစဉ် များတွင်   ကျရာတာဝန်ကို   ကျေပွန်စွာထမ်းဆောင် နေကြသကဲ့သို့  ပြည်ပနိုင်ငံများကို  သွားရောက်ပြီး နိုင်ငံပေါင်းစုံပါဝင်သည့်     တပ်မတော်အားကစား ပြိုင်ပွဲများတွင်      ဝင်ရောက်ယှဉ်ပြိုင်ရာတွင်လည်း ဆုတံဆိပ်အမျိုးမျိုးရရှိအောင် နိုင်ငံတကာတပ်မတော် များနှင့်  ယှဉ်ပြိုင်အနိုင်ယူသည်အထိ စွမ်းဆောင်နိုင် ခဲ့ကြကြောင်း၊ ထို့အပြင်  အမျိုးသမီးအရာရှိအချို့သည် ကြမ်းတမ်းခက်ခဲသည့်         အထူးတာဝန်တပ်ဖွဲ့ (အမျိုးသမီး) တပ်ဖွဲ့ဝင်များအဖြစ်  တာဝန်ကျေပွန် စွာထမ်းဆောင်နေကြသကဲ့သို့   တပ်မတော်(လေ) တွင်လည်း     အမျိုးသမီးလေသူရဲအရာရှိများအဖြစ် ပျံသန်းရေးတာဝန်အမျိုးမျိုးကို    ထမ်းဆောင်နေ ကြပြီဖြစ်ကြောင်း၊          စစ်သုံးလေထီးခုန်ခြင်း၊ အလွတ်ခုန်လေထီးခုန်ခြင်း    စသည့်    ရဲဝံ့သည့် လုပ်ငန်းတာဝန်များကိုလည်း အမျိုးသားအရာရှိ၊ စစ်သည်များနှင့်         တန်းတူလိုက်ပါ     တာဝန် ထမ်းဆောင်နိုင်ခြင်းကို   ဂုဏ်ယူစွာ   တွေ့မြင်ရမည် ဖြစ်ကြောင်း။



မိမိတာဝန်ကျရာ တပ်ဖွဲ့အသီးသီးတွင် မည်သည့် တာဝန်များကို       ထမ်းဆောင်ကြရသည်ဖြစ်စေ၊  တပ်မတော်၏   အဓိကတာဝန်သည်   နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ပင်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန်  တာဝန်ကျရာတပ်ဖွဲ့ အသီးသီး၏      လုပ်ငန်းပိုင်းဆိုင်ရာတွင်    အထူး ကျွမ်းကျင်သူများဖြစ်အောင် ကြိုးစားဆောင်ရွက်သွား ကြရန်လိုကြောင်း။ 


တစ်သဝေမတိမ်း တိကျစွာလိုက်နာ


အရာရှိငယ်များ ဖြစ်လာကြမည့်သူများ ဖြစ်သည့် အတွက်       ခေါင်းဆောင်မှုပညာရပ်များကိုလည်း အမိကျောင်းတော်ကြီးက    သင်ကြားလေ့ကျင့်ပေးခဲ့ပြီးဖြစ်ကြောင်း၊  သင်ကြားတတ်မြောက်ပြီးဖြစ်သည့် ခေါင်းဆောင်မှုပညာရပ်များကို  လက်တွေ့နယ်ပယ် တွင် တွေ့ကြုံရသည့်  အတွေ့အကြုံများနှင့် ပေါင်းစပ် အသုံးချပြီး     ခေါင်းဆောင်ကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန်            လိုကြောင်းနှင့် နောက်လိုက်ကောင်းဖြစ်မှ    ခေါင်းဆောင်ကောင်း ဖြစ်မည်ဆိုသည်ကိုလည်း  မမေ့မလျော့ဘဲ လက်တွေ့ နယ်ပယ်တွင်  စီနီယာအရာရှိများ၏ သွန်သင်ဆုံးမမှု အပါအဝင်    အုပ်ချုပ်မှုကိစ္စရပ်တိုင်းတွင်   ခြေသုတ် ပုဆိုးမြွေစွယ်ကျိုးသကဲ့သို့    လေ့လာ၊    လေ့ကျင့်၊ လိုက်နာသွားကြရန်လည်း      မှာကြားလိုကြောင်း၊ ထို့အပြင်   မိမိကွပ်ကဲမှုအောက်တွင်ရှိသည့်  အရာရှိ၊ စစ်သည်များကို  ညီညွတ်မျှတမှုရှိသည့် ခေါင်းဆောင် မှုပေးနိုင်ရန်လိုအပ်သလို  မိမိတို့ကိုယ်တိုင်အနေဖြင့် လည်း  လက်အောက်ကို   ခေါင်းဆောင်မှုပေးနိုင်ရန် ထုတ်ပြန်ထားသည့်    အမိန့်နှင့်ညွှန်ကြားချက်များ၊ စည်းမျဉ်း၊ စည်းကမ်းများကို တစ်သဝေမတိမ်း တိကျစွာ လိုက်နာရန် လိုကြောင်း၊   သို့မှသာ   လက်အောက် အရာရှိ၊  စစ်သည်များ၏  အထင်ကြီးလေးစားမှုနှင့် အားကိုးယုံကြည်မှု အပြည့်အဝရရှိမည်ဖြစ်ကြောင်း၊ ထိုသို့ အထက်အောက် အပြန်အလှန် ယုံကြည်ကိုးစား အားကိုးမှုရှိမှသာ မိမိအဖွဲ့အစည်းသည်  ပေးအပ်သည့် လုပ်ငန်းတာဝန်များကို  ချို့ယွင်းချက်မရှိ  ရာနှုန်းပြည့် အောင်မြင်စွာ     အကောင်အထည်ဖော်နိုင်မည်ဖြစ် ကြောင်း။


တပ်မတော်သားဖြစ်သည်နှင့်အညီ    အမိန့်နာခံ တတ်မှုနှင့်   စစ်စည်းကမ်းအတိုင်း နေထိုင်လုပ်ကိုင် ဆောင်ရွက်တတ်သည့်  အလေ့အကျင့်ကောင်းများကို တပ်မတော်တွင်   တာဝန်ထမ်းဆောင်သည့်   ကာလ တစ်လျှောက်လုံး  လိုက်နာနေထိုင်သွားကြရမည်ဖြစ် ကြောင်း၊  စစ်စည်းကမ်းသည် တပ်မတော်၏အဓိကကျောရိုးမဏ္ဍိုင်ဖြစ်ပြီး   စစ်စည်းကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံမှုရှိသည့်  တပ်မတော်သားများဖြစ်အောင် နေထိုင်ကြရန် လိုကြောင်း၊  တပ်မတော်သားများသည် တပ်မတော်၏  စည်းမျဉ်း၊  စည်းကမ်း၊  ဥပဒေများကို တိတိကျကျ    လိုက်နာဆောင်ရွက်ကြရသည့်အပြင် အရပ်ဘက်ဥပဒေနှင့်    စည်းမျဉ်းစည်းကမ်းများကို နိုင်ငံသားတစ်ဦးအနေဖြင့်လည်း  လိုက်နာကြရသူများ ဖြစ်ကြောင်း။


လိုက်နာဆောင်ရွက်ကြ


ထို့အပြင် နိုင်ငံတကာတွင်   လက်ခံကျင့်သုံးနေ သည့် စစ်ပွဲဆိုင်ရာ  ဥပဒေများကိုလည်း  သိရှိလိုက်နာ ကြရကြောင်း၊ သင်တန်းကာလအတွင်း စစ်စည်းကမ်း လိုက်နာပြီး  အမိန့်နာခံမှုရှိစေရန်    အခြေခံစစ်ရေးပြ ကစပြီး  လေ့ကျင့်ပေးခဲ့ပြီးဖြစ်ကြောင်း၊   တပ်မတော် သားများအနေဖြင့်   ကိုယ်တိုင်စည်းကမ်းကို တိကျစွာ လိုက်နာစောင့်ထိန်းရပြီး မိမိတာဝန်ယူကွပ်ကဲရသည့် လက်အောက်က ပြစ်မှုကျုးလွန်လျှင်လည်း မျက်ကွယ် ပြု၍မရဘဲ   စစ်ဘက်၊    နယ်ဘက်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရသည်ကို  အားလုံးအသိပင်ဖြစ် ကြောင်း၊    ထို့ကြောင့်    တာဝန်ထမ်းဆောင်ရာတွင် ပြဋ္ဌာန်းထားသည့်ဥပဒေ၊  ထုတ်ပြန်ထားသည့်အမိန့် နှင့်ညွှန်ကြားချက်၊   စည်းမျဉ်းစည်းကမ်း၊    လုပ်ထုံး လုပ်နည်းများနှင့်အညီ   လိုက်နာဆောင်ရွက်ကြရန် လိုကြောင်း။


အခြေခံကောင်းအောင် လေ့ကျင့်သင်ကြားပေး


တပ်မတော်၏   တပ်တည်ဆောက်ရေးလုပ်ငန်း ကြီး ၄ ရပ်အနက် ပထမလုပ်ငန်းစဉ်သည် လေ့ကျင့် ရေးနှင့် တည်ဆောက်ခြင်းပင်ဖြစ်ကြောင်း၊ စဉ်ဆက် မပြတ်  လေ့ကျင့်နေမှသာလျှင် စွမ်းရည်မြင့်မားသည့် တပ်မတော်ကြီး        ဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လေ့ကျင့်ရေးသည် အရေးကြီးသည့် ကဏ္ဍ တစ်ရပ်ဖြစ်သည့် အတွက်   အရည်အသွေးပြည့်ဝစွာဖြင့် ပေးအပ်လာသည့်     တာဝန်များကို    ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် အဆင့်နှင့်လျော်ညီသည့် သင်တန်းများကို     ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေး လျက်ရှိကြောင်း၊    သင်တန်းတိုင်းတွင် မိမိကိုယ်တိုင် ကြိုးစားအားထုတ်မှု၊  စည်းကမ်းလိုက်နာမှုနှင့် အမိန့် နာခံမှုတို့ဖြင့်  ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊    သင်တန်းကာလတိုတောင်းသော်လည်း အရာရှိတစ်ဦးအတွက်         သိသင့်သိထိုက်သည့် အသိပညာ၊ တတ်သင့်တတ်ထိုက်သည့် အတတ်ပညာ နှင့် စည်းကမ်းတကျ လုပ်ကိုင်တတ်သည့် အရာရှိငယ် များအဖြစ်  အခြေခံကောင်းအောင် လေ့ကျင့်သင်ကြား ပေးခဲ့ပြီးဖြစ်ကြောင်း။


အမြဲလေ့ကျင့်နေရမည်


ဘွဲ့ရပညာတတ်များဖြစ်ပြီး   ခေါင်းဆောင်ငယ် များအဖြစ် တာဝန်ယူဆောင်ရွက်ရမည့်သူများ   ဖြစ် သည့်အတွက်   ပိုမိုနားလည်နိုင်စွမ်းနှင့်   လေ့လာ ဆည်းပူးနိုင်စွမ်းရှိရန်လိုကြောင်း၊           ကျောင်းက လေ့ကျင့်သင်ကြားပေးလိုက်သည့်  ဘာသာရပ်များနှင့် လေ့ကျင့်ဆောင်ရွက်မှုများသည် အခြေခံမျှသာဖြစ်၍ လက်တွေ့လုပ်ငန်းခွင်နယ်ပယ်တွင်    မှန်မှန်ကန်ကန်၊ ထိထိရောက်ရောက်         အသုံးချနိုင်ရန်လိုကြောင်း၊ ခေတ်နှင့်အညီ      တိုးတက်ပြောင်းလဲလျက်ရှိသည့် စစ်အသုံးအဆောင်နှင့်    စစ်အတတ်ပညာများကို လက်တွေ့အသုံးချနိုင်ရေးအတွက်         ဆက်လက် လေ့လာဆည်းပူးကြရန်လိုကြောင်းနှင့် ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် ကျန်းမာ၊  ကြံ့ခိုင်၊  ကျွမ်းကျင်မှုရှိရန် အမြဲလေ့ကျင့်နေရ မည်ဖြစ်ကြောင်း။ 


လက်တွေ့နယ်ပယ်တွင်လိုက်နာကျင့်သုံး


အသိပညာ၊  အတတ်ပညာသည် အကန့်အသတ် မရှိ ကျယ်ဝန်းခြင်းကြောင့်   မိမိ၏  ကြိုးစားအားထုတ် မှု၊    လေ့ကျင့်မှုအပေါ်တွင်   မူတည်ပြီး   ကျွမ်းကျင် တတ်မြောက်လာမည်ဖြစ်ကြောင်း၊          စစ်အခြေခံ သဘောတရားနှင့်        စစ်မြေပြင်စည်းကမ်းများကို လက်တွေ့နယ်ပယ်တွင်  လိုက်နာကျင့်သုံးကြရန်လိုကြောင်း၊   တစ်ဆင့်မြင့်သော     ရာထူးတာဝန်များ ထမ်းဆောင်နိုင်ရန်အတွက်  ထပ်မံတက်ရောက်ရမည့် အခြားစစ်ဘက်သင်တန်းများတွင်လည်း   ကြိုးစား အားထုတ်မှု၊   စည်းကမ်းလိုက်နာမှုနှင့်  ကျန်းမာရေး ကောင်းမွန်အောင်    နေထိုင်မှုတို့အပေါ်မူတည်ပြီး သင်တန်းဆင်းအဆင့်များ    ကွာခြားသွားမည်ဖြစ် ကြောင်း။



ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်


မိမိ၏    ကြိုးစားအားထုတ်မှုအပေါ်   မူတည်ပြီး ရာထူးတိုးမြှင့်ရေးကိစ္စရပ်များတွင်  ကွာခြားသွားမည် ဖြစ်သည့်အတွက် မိမိကိုယ်ကို ကောင်းမွန်အောင်နှင့် မိမိဦးဆောင်ရသည့်  အဖွဲ့အစည်းကောင်းမွန်အောင် ညီညွတ်မျှတသည့် အုပ်ချုပ်မှုဖြစ်အောင် အမြဲကြိုးစား ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊   တပ်မတော်ကို တိုက်ပွဲစွမ်းရည်၊    တိုက်ပွဲစွမ်းအားပြည့်စုံသည့် တပ်မတော်တစ်ရပ်ဖြစ်အောင်  တည်ဆောက်လျက်ရှိ ကြောင်း၊    ထိုသို့   တည်ဆောက်သည့်နေရာတွင် စွမ်းရည်ရှိသည့်     တပ်မတော်ဖြစ်စေရေးအတွက် တပ်မတော်သားများနှင့်         အဓိကသက်ဆိုင်ပြီး စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေးကို နိုင်ငံတော် က ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ စွမ်းရည်ရှိသည့်  တပ်မတော်ဖြစ်အောင် တပ်များ၏ စစ်ရေးစွမ်းရည်၊  စည်းရုံးရေးစွမ်းရည်၊   အုပ်ချုပ်ရေး စွမ်းရည်၊  လက်ရုံးရည်နှင့် နှလုံးရည်တိုးတက်မြင့်မား အောင်  အကြိမ်ကြိမ်အခါခါ လေ့ကျင့်ရေးကို  တစ်ဦး ချင်းနှင့် အဖွဲ့လိုက်ပါ  လေ့ကျင့်ဆောင်ရွက်နေကြရ မည်ဖြစ်ကြောင်း၊    တစ်ဦးချင်းအရည်အသွေးမြင့်မှ အဖွဲ့အစည်းတစ်ခုလုံး    အရည်အသွေးမြင့်မားလာ မည်ဖြစ်သည့်အတွက်    တစ်ဦးချင်း အရည်အသွေး မြင့်မားလာအောင်     တစ်ဦးချင်း    လေ့ကျင့်ရေး (Individual Training)   မှသည်     အစုအဖွဲ့လိုက် စွမ်းရည် မြင့်မားလာအောင် အစုအဖွဲ့လိုက်လေ့ကျင့် ရေး  (Collective Training)၊ မတူညီသည့် တပ်ဖွဲ့များ ပူးပေါင်းလေ့ကျင့်ရသည့်    ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်း   (Joint Operation Training)   များ အထိ လေ့ကျင့်နေကြခြင်းဖြစ်ကြောင်း။


အစဉ်အမြဲကြိုးစားလေ့လာ


ထို့ကြောင့် တပ်မတော်၏ ရည်ရွယ်ချက်ဖြစ်သည့် “ခေတ်မီတပ်မတော်ဖြစ်စေရန်အတွက်    တိုက်စွမ်း ရည်နှင့် တိုက်စွမ်းအားတို့ ထက်မြက်ရေး”     ဆောင် ရွက်နေသည့်   လုပ်ငန်းစဉ်တိုင်းတွင်   စွမ်းစွမ်းတမံ တက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြရန် အရေးကြီး ကြောင်း၊   တစ်ဖက်တွင်   နိုင်ငံတော်ကာကွယ်ရေး အတွက် ခေတ်မီတပ်မတော်တစ်ရပ်ကို    စဉ်ဆက် မပြတ်  တည်ဆောက်ကြရမည်ဖြစ်၍ တစ်ဖက်တွင် လည်း ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်  လွတ်လပ် ရေးရပြီးကပင် (၇၅)နှစ်တိုင်တိုင်  ယနေ့ကာလအထိ နယ်ချဲ့ကိုလိုနီလက်ဟောင်းများနှင့်  လက်သစ်များပါ မိမိတို့တိုင်းပြည်အပေါ်    နည်းမျိုးစုံ    သွေးခွဲမှုများ ကြောင့်  ဝါဒရေးရာအယူအဆကွဲလွဲမှု၊ လူမျိုးရေးရာ အယူအဆကွဲလွဲမှု၊ ဘာသာရေးရာအယူအဆကွဲလွဲမှု များကတစ်ဆင့် တိုင်းရင်းသားညီအစ်ကို အချင်းချင်း သည်    ပဋိပက္ခမျိုးစုံဖြစ်ပွားခဲ့၊ ဖြစ်ပွားနေဆဲဖြစ်နေမှု ကိုလည်း   အမြန်ဆုံးချုပ်ငြိမ်းပြီး   ထာဝရငြိမ်းချမ်း ရေးရရှိရန်    မတူညီခြင်းကိုဘေးချိတ်    တူသည်ကို တွဲချိတ်ပြီး  ငြိမ်းချမ်းသာယာသော  ပါတီစုံဒီမိုကရေစီ နှင့် ဒီမိုကရေစီနှင့်   ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး    တည်ဆောက်နိုင်ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ  အကောင်အထည်ဖော် ဆောင်ရွက်နေမှုကိုလည်း  တစ်ပြိုင်နက် ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက  ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၁ ရက် နေ့တွင်    ကြိုတင်ကန့်သတ်ချက်မထားဘဲ    နှစ်ဖက် ထာဝရငြိမ်းချမ်းရေးမှသည်    ပါတီစုံဒီမိုကရေစီ ကျင့်သုံးမှုနှင့်     ဒီမိုကရေစီနှင့်   ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး  အမြန်ဆုံးပေါ်ထွန်း လာစေရေး   ဦးတည်ချက်ဖြင့်   ထာဝရငြိမ်းချမ်းရေး အတွက်ဆွေးနွေးရန် တစ်နိုင်ငံလုံး  ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူညီချက်   လက်မှတ်ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်   အဖွဲ့အစည်းများနှင့် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများကိုပါ     ဖိတ်ခေါ်၍    ဆွေးနွေး လျက်ရှိရာ ယခုဆိုလျှင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့နှင့်  အပြန်အလှန် ဆွေးနွေးညှိနှိုင်း နေဆဲဖြစ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေးလုပ်ငန်းစဉ် များတွင်  ကျရာအခန်းကဏ္ဍကနေ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန်နှင့်  ထိုသို့ဆောင်ရွက်နိုင်ရန်ကို လည်း  ထာဝရငြိမ်းချမ်းရေးသမိုင်းကြောင်းများကို  သိရှိနားလည်အောင်  အစဉ်အမြဲ   ကြိုးစားလေ့လာ နေကြရန်လိုကြောင်း။


ရဲစွမ်းသတ္တိရှိလာမည်


တပ်မတော်သည် နိုင်ငံတော်ကို ကာကွယ်ရမည့် အဓိကကာကွယ်ရေး  အဖွဲ့အစည်းတစ်ရပ်ဖြစ်သည် နှင့်အညီ တပ်မတော်သားများသည်လည်း နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိကကျသည့် ကာကွယ်ရေး အင်အားစုများပင်ဖြစ်ကြောင်း၊   နိုင်ငံတော်ကာကွယ် ရေးနှင့် လုံခြုံရေးတာဝန်များကို  ထမ်းဆောင်နိုင်ရန် တပ်မတော်သားတိုင်းအတွက်    ရုပ်ပိုင်း၊    စိတ်ပိုင်း ဆိုင်ရာ   ကျန်းမာကြံ့ခိုင်မှုရှိရေးသည်   အရေးကြီးသည့် အချက်ပင်ဖြစ်ကြောင်း၊    ကိုယ်စီရုပ်ပိုင်း၊   စိတ်ပိုင်း ဆိုင်ရာ  ကြံ့ခိုင်နေမှ   စစ်ပညာအတတ်ပညာများကို ကျွမ်းကျင်မှုရှိအောင်   အမြဲမပြတ်   လေ့ကျင့်နိုင်မည် ဖြစ်ကြောင်း၊  ကျန်းမာကြံ့ခိုင်မှုရှိပြီး   မိမိနှင့်သက်ဆိုင် သည့်    အတတ်ပညာကို    ကျွမ်းကျင်မှုရှိအောင် လေ့ကျင့်ထားပါက      ရဲစွမ်းသတ္တိ    ရှိလာမည်ဖြစ် ကြောင်း။

တစ်ဦးချင်း            ကျန်းမာကြံ့ခိုင်မှုကောင်းပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို   ကျွမ်းကျင် ကျေပွန်စွာ   ထမ်းဆောင်နိုင်ပြီဆိုလျှင်   လုပ်ငန်းခွင် လက်တွေ့နယ်ပယ်များ၊ တိုက်ပွဲများတွင် ရဲစွမ်းသတ္တိ ရှိသည့်  စစ်သည်တော်ကောင်းများ အလိုလိုဖြစ်လာ မည်ဖြစ်ကြောင်း၊      အမျိုးသမီးစစ်မှုထမ်းများပီပီ ပိုင်ဆိုင်ထားသည့်          စိတ်ဓာတ်ကြံ့ခိုင်မှုများကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတော်၊ တပ်မတော်နှင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက   ယုံကြည် လေးစားအားထားရသည့် တပ်မတော်သားကောင်း များဖြစ်အောင်   ကျန်းမာကြံ့ခိုင်ရမည်၊  ကျွမ်းကျင်မှု ရှိရမည်၊ ရဲစွမ်းသတ္တိရှိရမည်ဆိုသည့် ဆောင်ပုဒ်များ နှင့်အညီ   အစဉ်ကြိုးစားသွားကြရန် အလေးအနက် ထား မှာကြားလိုကြောင်း။


စဉ်ဆက်မပြတ်လေ့လာဆည်းပူး


တပ်မတော်၏မွန်မြတ်သည့်     အတိတ်သမိုင်း ကြောင်း၊ အစဉ်အလာနှင့်  ပစ္စုပ္ပန် ရပ်တည်ချက် အမှန်တရားကို သိရှိနားလည်ပြီး ပေးအပ်လာသည့် တာဝန်များကို နိုင်ငံတော်နှင့်  နိုင်ငံသားတို့အတွက် ကျေပွန်အောင် ဂုဏ်သိက္ခာရှိရှိ  ထမ်းဆောင်သွားကြ ရန်၊ တပ်မတော်၏ ရည်မှန်းချက်ဖြစ်သည့် “အင်အား တောင့်တင်းပြီး   စွမ်းရည်ထက်မြက်သည့် ခေတ်မီ မျိုးချစ်တပ်မတော်”  တည်ဆောက်ရာတွင်  ပေးအပ် လာသည့် တာဝန်များကို  ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အလေးအနက်ထား  ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ခေါင်းဆောင်ငယ်များအဖြစ် မိမိကိုယ်ကို ထိန်းသိမ်း နိုင်မှုနှင့် ကြိုးစားအားထုတ်မှုကိုအခြေခံပြီး အထက် က  ပေးအပ်သည့်တာဝန်များကို    ကျေပွန်အောင် ထမ်းဆောင်သွားကြရန်၊ သင်တန်းက   သင်ကြားပေး လိုက်သည့်   စစ်ဦးစီး၊   စစ်ရေး၊   စစ်ထောက်ဆိုင်ရာ ပညာရပ်များနှင့်        ခေါင်းဆောင်မှုပညာရပ်များကို စဉ်ဆက်မပြတ်  လေ့လာဆည်းပူးသွားကြရန်၊ တစ်ဦး ချင်း   ကျန်းမာကြံ့ခိုင်မှု၊   မိမိတို့နှင့်   သက်ဆိုင်သည့် လုပ်ငန်းတာဝန်များတွင် ကျွမ်းကျင်မှုရှိပြီး   ရဲစွမ်း သတ္တိနှင့်ပြည့်စုံသည့်  အမျိုးသမီးအရာရှိကောင်းများ ဖြစ်အောင်     ကြိုးစားလုပ်ဆောင်သွားကြရန်   လို ကြောင်း ပြောကြားသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ     ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)   ဒုတိယ ဗိုလ်ချုပ်မှူးကြီး      သရေစည်သူ    စိုးဝင်း    သည် ဗိုလ်လောင်းတပ်ခွဲများ၏  အလေးပြုခြင်းကို ခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။


ဂုဏ်ပြုအမှာစကားပြောကြား


စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်    ကာကွယ်ရေးဦးစီးချုပ် (ကြည်း)    ဒုတိယဗိုလ်ချုပ်မှူးကြီး    သရေစည်သူ စိုးဝင်းသည်     တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ)  ရိပ်သာဧည့်ခန်းမ၌ အကောင်းဆုံး ဗိုလ်လောင်းဆုရ    ဗိုလ်လောင်း   သိမ့်နန္ဒာအောင်၊ သေနတ်ပစ်အကောင်းဆုံးဆုရ  ဗိုလ်လောင်း ဆုရည် ကျော်၊  ကြံ့ခိုင်ရေးအကောင်းဆုံးဆုရ  ဗိုလ်လောင်း ခက်ခက်ဦးနှင့်         စစ်ရေးပြအကောင်းဆုံးဆုရ ဗိုလ်လောင်း    စိုးသော်တာလင်းတို့ကို    တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။


ဂုဏ်ပြုညစာ အတူတကွသုံးဆောင်


ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယတပ်မတော်    ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူးကြီး    စိုးဝင်းနှင့် အဖွဲ့ဝင်များသည် ဘွဲ့ရ အမျိုးသမီးဗိုလ်လောင်းသင်တန်း  အမှတ်စဉ် (၉)သင်တန်းဆင်း   ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပြီး   သင်တန်းဆင်းအရာရှိများ၊ ညစာစားပွဲ     တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။


ညစာသုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ    ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်    ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည်  တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဂုဏ်ပြုစစ်တီးဝိုင်း၏ ဂုဏ်ပြုတီးမှုတ်မှုကို   ကြည့်ရှုအားပေးပြီး   ချီးမြှင့်ငွေ များပေးအပ်သည်။


ကြည့်ရှုအားပေး


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယတပ်မတော်   ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည် ကျောင်းဆင်းအရာရှိများနှင့်အတူ သဘင် ဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင် ရေး  ညွှန်ကြားရေးမှူးရုံး   ကွပ်ကဲမှုအောက်   မြဝတီ တေးဂီတအဖွဲ့၏ ဂုဏ်ပြုဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်

No comments

Powered by Blogger.