အီရန်နိုင်ငံက ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက် ပြန်လည်ရှင်သန်ရေးဆွေးနွေးရန် တံခါးဖွင့်ထားဆဲဖြစ်

 



တီဟီရန် ဒီဇင်ဘာ ၂

 

အီရန်နိုင်ငံသည် ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက် ပြန်လည်ရှင်သန်ရေးဆွေးနွေးရန်  တံခါးဖွင့်ထားဆဲဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာဆာကာနာနီ၏ ပြောကြားချက်ကိုကိုးကား၍  IRNA  သတင်းအေဂျင်စီက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားသည်။

 

နျူကလီးယားအရေးဆွေးနွေးရာတွင်   အနောက်အုပ်စု နိုင်ငံများအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ခဲ့ပါက  သဘောတူညီချက်ပြန်လည်ရရှိနိုင်ကြောင်း  သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားသည်။

 

ပြီးခဲ့သည့် စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများအတွင်း အီရန်နှင့် ဆွေးနွေးဖက်နိုင်ငံများအကြား တိုးတက်မှုများ ရှိခဲ့ကြောင်းလည်း ၎င်းက ပြောကြားသည်။ လက်ရှိအချိန်တွင် အီရန်နိုင်ငံအတွင်း နျူကလီးယားဆိုင်ရာ      ဖွံ့ဖြိုးတိုးတက်မှုများ ရှိခဲ့ခြင်းကို အကြောင်းပြု၍ အမေရိကန်က စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းသို့  လာရောက်ရန်   ငြင်းဆိုနေသည်ကိုလည်း  တွေ့ရှိရကြောင်း ကာနာနီက ပြောကြားသည်။

 

နှောင့်နှေးစေ

လက်ရှိအချိန်တွင် သဘောတူညီချက်မူကြမ်းကို လက်မှတ်ရေးထိုးနိုင်ရန် ပြင်ဆင်ဆောင်ရွက် နေသော်လည်း အမေရိကန်၏ အီရန်အပေါ် အပြုသဘောမဆောင်သည့် အရေးယူပိတ်ဆို့မှုများ ချမှတ် နေခြင်းက နျူကလီးယားအရေး သဘောတူညီချက်ရရှိရန် နှောင့်နှေးစေသည်ဟု ၎င်းက ပြောကြား သည်။ အီရန်နိုင်ငံသည် ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် အနောက်အုပ်စုနိုင်ငံများနှင့် နျူကလီးယား သဘောတူညီချက် ရရှိခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင် အမေရိကန်နိုင်ငံက ၎င်းသဘောတူညီချက်မှ နုတ်ထွက်ပြီး အီရန်အပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

 

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-စိုးသူရ

No comments

Powered by Blogger.