နှစ်သစ်ကူးရုံးပိတ်ရက်တွင် ပခုက္ကူမြို့ရှိ အထင်ကရနေရာများ၌ အလည်အပတ်လာရောက်အပန်းဖြေသူများပြား




ပခုက္ကူ  ဇန်နဝါရီ ၁


၂၀၂၃ခုနှစ်၊နှစ်သစ်ကူးရုံးပိတ်ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့ရှိအထင်ကရနေရာများ၌ ဇန်နဝါရီလ၁ရက် နံနက်ပိုင်းက အလည်အပတ်လာရောက်အပန်းဖြေသူ များပြားလျက်ရှိသည်။ 


ပခုက္ကူမြို့သည် ဗုဒ္ဓဘာသာသာသနာထွန်းကားရာ မြို့တစ်မြို့ဖြစ်သည်နှင့်အညီ သီဟိုဠ်ရှင်မြတ်စွာဘုရား၊ ရွှေကူမြတ် စွာဘုရား၊ ဖောင်တော်ဦးဘုရား၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးစသည့် ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ် ကြီးများတည်ရှိရာမြို့လည်းဖြစ်သောကြောင့် အနယ်နယ်အရပ်ရပ်မှဘုရားဖူးလာပြည်သူများနှင့် ဒေသခံပြည်သူများအနေဖြင့် နှစ်သစ်ကူးရုံးပိတ်ရက်နေ့ရောက်တိုင်း ဘုရား၊ စေတီတော်မြတ်ကြီးများရှိ ဗုဒ္ဓရုပ်ပွားတော်များရေသပ္ပာယ်ခြင်း၊ ပန်း၊ ဆီမီး၊ အမွေးနံ့သာများထွန်းညှိကပ်လှူပူဇော်ခြင်း၊ ဥပုဒ်သီလဆောက်တည်ခြင်းတို့ဖြင့် ကုသိုလ်ယူကြသူများ၊ မြန်မာနိုင်ငံ၏အရှည်ဆုံး တံတားဖြစ်သည့် ဧရာဝတီတံတား(ပခုက္ကူ)နှင့်မြကန်သာပန်းခြံတို့တွင် အလည်အပတ်သွားရောက်အပန်းဖြေသူများ၊ အလှ ဓာတ်ပုံရိုက်ကူးသူများဖြင့် စည်ကားလျက်သည်။


ထို့အပြင် ပခုက္ကူမြို့၊ ဘုန်းတော်ကြီးကျောင်း၊စာသင်တိုက်များရှိ ဆရာတော်သံဃာတော်ကြီးများထံ ဥပုသ်သီလတရား နာယူသူများ၊ ဘုရားပန်းများ လှဲလှယ်သူများနှင့် သစ်သီးဆွမ်းများဆက်ကပ်လှူဒါန်းသူများ၊ ဘုရားဝန်းအတွင်း ရောင်းချသည့် စားစရာမုန့်ပဲသရေစာများ ဝယ်ယူစားသောက်အပန်းဖြေကြသူများ၊ အမှတ်တရအင်္ကျီနှင့်ပစ္စည်းဝယ်ယူသူများ၊ ဧရာဝတီမြစ် ကမ်းနံဘေးရှိ ငါးအစာကျွေးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ 


ဘာမီသာ(ပခုက္ကူ)


No comments

Powered by Blogger.