နှစ်သစ်ကူးရုံးပိတ်ရက်/ကျောင်းပိတ်ရက်ပလင်းကမ်းသာယာဆင်စခန်းသို့လာရောက် လည်ပတ်အပန်းဖြေ ၊ဆင်စီးသူခရီးသွားများပြား




ညောင်ဦး  ဇန်နဝါရီ ၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အနောက်ပုလင်းကျေးရွာအနီးဖွင့်လှစ် ထားရှိသည့်ပလင်းကမ်းသာယာဆင်စခန်းသို့နှစ်သစ်ကူးရုံးပိတ်ရက်၊ကျောင်းပိတ်ရက်များဖြစ်သည့် ဒီဇင်ဘာ ၃၁ ရက်နှင့်ဇန်နဝါရီ ၁ ရက်တို့တွင်အပန်းဖြေခရီးလာရောက် လည်ပတ်သူများနှင့်ဆင်စီးကြသည့်ဧည့်သည်များ၊ဆင်များလေ့လာလိုသူခရီးသွားပြည်သူများလာရောက်လည်ပတ်မှု များလာခဲ့ကြောင်း သိရသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊မြန်မာ့သစ်လုပ်ငန်း ၊ကဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းသည် ညောင်ဦးမြို့နှင့် ၅မိုင်ခန့်အ ကွာ၊ ညောင်ဦး -ပခုက္ကူ-မြင်းခြံကားလမ်းမကြီးဘေး ဧရာဝတီမြစ်ကမ်းဘေးတွင်ဖွင့်လှစ် ထားရှိပြီး ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ ဘုရားဖူးလာခရီးသွားပြည်သူများ ခရီးတစ်ထောက်လာရောက်အပန်းဖြေနားနေရာတစ်ခုလည်းဖြစ်ကြောင်း၊ပလင်းကမ်း သာယာဆင်စခန်းဝင်းအတွင်း ကလေးကစားကွင်းတွင် ကလေးစီးရဟတ်၊ဆီးဆော၊ လျောစီးနေရာ၊ ဒန်းတို့ပါရှိပြီး ကလေးဥယျာဉ်အဖြစ် ငယ်စဉ်ကတည်းက သစ်ပင်၊ပန်းပင် သစ်တောတို့ကိုမြတ်နိုးတတ်စေရန် ဥယျာဉ်ငယ်ပြုလုပ်ဖန်းတီးပေးထားကြောင်း၊ ဆင်ပြ တိုက်တွင်လည်း စုံလင်စွာပြသပေးထားပြီး ကမ္ဘာတွင် မြန်မာတစ်နိုင်ငံထဲသာ အိမ်မွေး ဆင်အများစုပိုင်ဆိုင်ကြောင်း၊ အာဖရိကဆင်နှင့်အာရှဆင်ခွဲခြားပြသထားပြီး အာရှဆင် များသည် အာဖရိကဆင်များထက်ခွန်အားကြီးမားပုံ၊ အာရှဆင်ခေါ်မြန်မာ့ဆင်များ မြန်မာ့ သစ်လုပ်ငန်းတွင် အရေးပါခဲ့ပုံ၊ သစ်တောဝန်ထမ်းများနှင့်မြန်မာ့သစ်လုပ်ငန်းဝန်ထမ်းများ ဆင်များစောင့်ရှောက်ပုံ၊ ဆင်စွယ်အမျိုးမျိုးနှင့်ဆင်ဝန်ထမ်းအဆင့်ဆင့်နေအိမ်များကို ဆင်ပြတိုက်တွင်ပြသထားပုံနှင့် ဆင်စခန်းဝင်း ဆင်များနေထိုင်ပုံ၊ ဆင်များသည် တစ်နေ့ သုံးချိန်ပိုင်းပါက နှစ်ချိန်သည် အစာစားချိန်ဖြစ်ကြောင်းတို့ကို ခရီးသွား၊အပန်းဖြေလာ ဆင်လေ့လာလိုသူများသိရှိလိုသည်များကို ဆင်စခန်းတာဝန်ရှိသူများကလိုက်လံရှင်းပြ ပေးကြောင်း၊ နှစ်သစ်ကူးရုံးပိတ်ရက်များတွင် ဆင်များအတွက် ဆင်စာဘူဖေးကျွေးသူများ ပြားခဲ့ပြီး ၊ဧရာဝတီမြစ်ကမ်းဘေးတွင် ဆင်စခန်းလာဆင်ချစ်သူများ အပန်းဖြေနားနေနိုင် ရန် ရှည်တံရှည်တဲများတွင် အပန်းဖြေသူများဖြင့်စည်းကားခဲ့ပြီး ဆင်စခန်းများလာရောက် လေ့လာလည်ပတ်ခြင်းဖြင့် မြန်မာ့ဆင်များကိုယ်တိုင်ထိန်းသိမ်းဖို့အင်အားဖြစ်စေကြောင်း လည်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ဘုရားဖူးလာရောက်ရင်း ပလင်းဆင်စခန်းသို့ လာရောက်လေ့လာခဲ့သည့် ကရင်ပြည်နယ် သံတောင်ကြီးမြို့မှ မနော်အယ်အယ်ဖိုးက ပြောကြားသည်။

ညောင်ဦးမြို့နယ် ပလင်းကမ်းသာယာဆင်စခန်းသို့နှစ်သစ်ကူးရုံးပိတ်ရက်ဖြစ်သည့် ဒီဇင်ဘာ ၃၁ ရက်နေ့နှင့်ဇန်နဝါရီ ၁ ရက်နေ့တို့တွင်ဆင်စခန်းသို့လာရောက်လည်ပတ်မှု များခဲ့ကာဆင်စာကျွေးမွေးသူ ၊ ဆင်စီးသူများလည်းများပြားခဲ့ကြောင်းသိရသည်။


ကိုကြေးမုံ


No comments

Powered by Blogger.