ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

နေပြည်တော် ဇန်နဝါရီ ၁

 

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်ရှိ ပရဟိတ မင်းကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ မြို့မရွှေဂူကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ တောင်ညိုတောရကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ တိပိဋက မဟာဂန္ဓာရုံကျောင်းတိုက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တုလွှတ်စံစာသင်တိုက်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ ဝိဇာတဗိမာန် မိုးကုတ်ကျောင်းတိုက်နှင့်  သာကေတမြို့နယ်ရှိ တိပိဋကလင်္ကာရ ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ သစ္စာဝေစည် ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ မဟာဝိဇယာရာမကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ အလယ်ကျောင်းတိုက်နှင့် အမရပူရမြို့နယ်ရှိ မန်ကျည်းတောကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ် (ဆိပ်ကမ်း) မြို့နယ်ရှိ အလိုတော်ပြည့် ကျောင်းတိုက်နှင့် ဒလမြို့နယ်ရှိ ကမာကဆစ် အနောက်ကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်ရှိ တာပုံကျောင်းတိုက်တို့သို့ ဆန်ကြာဆံများ ကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်

 




 

 

 

No comments

Powered by Blogger.