(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နှစ်သစ်ကူး မိတ်ဆုံစားပွဲ ကျင်းပ



 

နေပြည်တော် ဇန်နဝါရီ ၁

 

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နှစ်သစ်ကူး မိတ်ဆုံစားပွဲကို ယမန်နေ့ ညနေပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

မိတ်ဆုံစားပွဲသို့ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ သီးခြားဖိတ်ကြားထားသည့် သိပ္ပကျော်စွာ ဒေါက်တာ မျိုးသန့်တင်၊ ဒါရိုက်တာ အလင်္ကာကျော်စွာ ဦးကြည်စိုးထွန်း၊ အလင်္ကာကျော်စွာ ဦးစိန်လှိုင် (ကဗျာဆရာ သူရဇော်)၊ အလင်္ကာကျော်စွာ ဒေါ်ချိုချိုတင် (စာရေးဆရာမ မစန္ဒာ) နှင့် တာဝန်ရှိသူများ တက်ရောက်သည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတစ်ဝန်း စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခုထက်ပိုမို ကြိုးစားဆောင်ရွက်ကြရန်၊ ထို့ပြင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အားသွန်ခွန်စိုက် ကူညီဖြည့်ဆည်းပေးရန်၊ နိုင်ငံအတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်ကြရန်၊ လာမည့် ၂၀၂၃ ခုနှစ်တွင် စိတ်သစ်လူသစ်ဖြင့် နိုင်ငံတော်နှင့် ဝန်ကြီးဌာန၏အကျိုးကို ဆထက်ထမ်းပိုးကျေပွန်အောင် ထမ်းဆောင်သွားကြရန်၊ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံသည့် နှစ်သစ်ကို ပိုင်ဆိုင်ကြပါစေရန် ဆန္ဒပြုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ တက်ရောက်လာသည့် ဧည့်သည်တော်များက နှစ်သစ်ကူးဆုတောင်း စကားများ ပြောကြား၍ ဧည့်သည်တော်များ၊ ဝန်ထမ်းများနှင့် နှစ်သစ်ကူး မိတ်ဆုံညစာစားပွဲကို အတူတကွ သုံးဆောင်၍ တက်ရောက်လာသည့် ဧည့်သည်တော်များနှင့် ဝန်ထမ်းများက တေးသံသာများဖြင့် သီးဆိုဖျော်ဖြေကြပြီး ပြည်ထောင်စုဝန်ကြီးက နှစ်သစ်ကူး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

 

ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုဝန်ကြီးရုံးရှိ ဝန်ထမ်းများအား Draw Lucky Software ဖြင့် ဗလာမပါ ကမ်းစမ်းမဲဖောက်ပေးသည့် အစီအစဉ်ကို ကြည့်ရှု အားပေးပြီး ဝန်ထမ်းများနှင့် နေ့လယ်စာအတူတကွ သုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်

No comments

Powered by Blogger.