ပန်းတနော်မြို့၌ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းစည်းဝေး

 



ပန်းတနော် ဒီဇင်ဘာ ၂၇


ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယမင်းသူက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်ပေးနေမှုလုပ်ငန်းစဉ်များ၊ ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ပေးခြင်းနှင့် လိုအပ်သည့်ထောက်ပံ့ငွေများ ထောက်ပံ့ပေးနေမှု အခြေအနေအား ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


ပြည့်ဖြိုးကျော်(ပြန်/ ဆက်)

No comments

Powered by Blogger.