(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲ လွိုင်ကော်မြို့တွင် ကျင်းပ

 



လွိုင်ကော် ဒီဇင်ဘာ  ၂၇


ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမဆောင်၌ ယနေ့နံနက်ပိုင်းက ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲကျင်းပ ပြုလုပ်ခဲ့သည်။


အဆိုပါ ပြိုင်ပွဲတွင် လွိုင်ကော်မြို့ အခြေခံပညာအထက် တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြရာ၊ စာစီစာကုံးပြိုင်ပွဲတွင် "မိုးသို့လွင့်ပျံ လွတ်လပ်ရေးရဲ့အသံ" ခေါင်းစဉ်ဖြင့် ကျောင်းသား ကျောင်းသူ (၁၇)ဦး၊ ကဗျာပြိုင်ပွဲတွင် "လွတ်လပ်ရေးအမွေထိန်းစို့လေ" ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၆) ဦး၊ ဆောင်းပါးပြိုင်ပွဲတွင် "ထိန်းသိမ်းစောင့်ရှောက်ရမည့် လွတ်လပ်ရေး" ခေါင်းစဉ်ဖြင့် ကျောင်းသား ကျောင်းသူ (၆) ဦး၊ စုစု ပေါင်း (၂၉)ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


အဆိုပါပြိုင်ပွဲကျင်းပနေမှုအား ပြည်နယ်ပညာရေးညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဖိုးလုံး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိများက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး ပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဇန်နဝါရီလ ၄ ရက်နေ့ (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ 


ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.