ကန့်ဘလူမြို့၌ အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာရောင်းချ၊ အခမဲ့ကျန်းမာရေးစောင့် ရှောက်ခြင်းများ ဆောင်ရွက်ပေး



ကန့်ဘလူ ဒီဇင်ဘာ ၂၆

                      

 စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ရပ်ကွက်နေပြည်သူများ အခြေခံ စားသောက်ကုန်များ ကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် ယနေ့ နံနက်ပိုင်းက စည်ပင်သာယာခန်းမ၌ ရောင်းချပေးလျက်ရှိသည်။

                        

ထိုသို့ရောင်းချပေးရာတွင် ရပ်ကွက်နေပြည်သူများ လွယ်ကူအဆင်ပြေစွာ ဝယ်ယူနိုင်ရေးတို့အ တွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆန်၊ ဆီ ၊ငါးခြောက်နှင့်ကြက်ဥ စသည့် ပစ္စည်းလေးမျိုးတို့ကို ကျပ် ၃၀၀၀ နှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်သည်။

                       

ထို့ပြင် အဆိုပါခန်းမ၌ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသက် ၁၈ နှစ်နှင့်အ ထက် ပြည်သူများအား ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့်ထပ်ဆောင်းကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်း များက စနစ်တကျထိုးနှံပေးပြီး၊ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။


အောင်ဝင်းငြိမ်း(ကန့်ဘလူ)


No comments

Powered by Blogger.