ပခုက္ကူမြို့နယ်အတွင်း တစ်ပိုင်တစ်နိုင် အသေးစားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး



ပခုက္ကူ     ဒီဇင်ဘာ     ၂၆


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပခုက္ကူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လမ်းကျေးရွာအုပ်စု၊ မင်းမသေ-ပေါင်းငူစွန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် တစ်ပိုင်တစ်နိုင် အသေးစားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ပခုက္ကူမြို့နယ်၊ လမ်းကျေးရွာအုပ်စု၊ မင်းမသေ-ပေါင်းငူစွန်းကျေးရွာ၌ မြစိမ်းရောင် ကျေးရွာ စီမံကိန်းကို ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး အဆိုပါကျေးရွာရှိ စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်း၊ ရေလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ စုစုပေါင်း ၉၉  ဦး ငွေကျပ် ၃၆ ဒသမ ၅ သန်းကို ငွေတစ်ရာကျပ်လျှင် အတိုးနှုန်း ပြားငါးဆယ်ဖြင့် ထုတ်ချေးပေးထားပြီး အတိုးဆပ်ကာလ သုံးလလျှင် တစ်ကြိမ်၊ အရင်းဆပ်ကာလ တစ်နှစ် အဖြစ် ကျေးရွာသူကျေးရွာသားများ၏ သဘောဆန္ဒဖြင့် သတ်မှတ်ထားကြောင်း ပခုက္ကူမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


အထွေး


No comments

Powered by Blogger.