ဆင်ပေါင်ဝဲမြို့နယ် အင်ပင်လှကျေးရွာ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး




ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၂၆


မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တောညောင်ပင်သာကျေးရွာအုပ်စု၊ သားပိုးကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေဖြင့်  သောက်သုံးရေရရှိရေး စက်ရေတွင်း တူးဖော်ခြင်း နှင့် ဆက်စပ်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှု စစ်ဆေးသည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆင်ပေါင်ဝဲမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျနှင့် တာဝန်ရှိသူများက အင်ပင်လှကျေးရွာ သောက်သုံးရေ ရရှိရေးအတွက် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။


အင်ပင်လှကျေးရွာ သောက်သုံးရေရရှိရေးအတွက် တွင်းအကျယ်လေးလက်မ အနက်ပေ ၆၀၀ ခန့်ရှိ စက်ရေတွင်း တူးဖော်ခြင်း၊ အမြင့် ၂၀ ပေရှိ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်း၊ ပါဝါမီတာ တပ်ဆင်ခြင်းနှင့် ရေစက်ခန်းဖွဲ့ခြင်း လုပ်ငန်းများကို ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၃၀ ဒသမ ၄၃ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အင်ဂျင်နီယာစုဖွဲ့မှုဖြင့် ဇူလိုင်လ ဒုတိယ အပတ်မှ စတင်ကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။


အဆိုပါ သောက်သုံးရေရရှိရေး စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာရှိ အိမ်ခြေ ၄၅၀၊ လူဦးရေ ၁၂၆၇ ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်များ၏ သောက်သုံးရေအခက်အခဲများ အဆင်ပြေသွားမည်ဖြစ်ကြောင်း ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျထံမှ သိရသည်။


သူသူ


No comments

Powered by Blogger.