ကြံခင်းမြို့တွင်(အပတ်စဉ် )တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ်သတ်မှတ်၍ အသိပညာပေးဆောင်ရွက်




ကြံခင်း ဒီဇင်ဘာ ၂၆


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊  ကြံခင်းမြို့နယ် စည်ပင်သာယာဈေး နယ်နိမိတ် အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်ပြည်သူများ၊ ဈေးဆိုင်ခန်းများ၊ မြို့မဈေးအတွင်းရှိဈေးရောင်း/ ဈေးဝယ်ပြည်သူများကို ယမန်နေ့ နံနက်ပိုင်း က   ပလပ်စတစ်သုံးစွဲမှုလျော့ချနိုင်ရန်အတွက် (အပတ်စဥ်)တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ်  သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။ 


အဆိုပါအသိပညာပေးခြင်းကို  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့်အဖွဲ့မှတာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာ မှတာဝန်ရှိသူများပူးပေါင်းပြီး     ပလတ်စတစ်အိတ်သုံးစွဲမှု လျော့နည်းပပျောက်စေ ရန်ရည်ရွယ်ပြီး  အသားငါးများနှင့် ဟင်းသီးဟင်းရွက် များစသည့် အသုံးဆောင်ပစ္စည်းများအား ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောရွက်၊ သတင်းစာ/ဂျာနယ်စက္ကူများဖြင့် အစားထိုး သုံးစွဲရောင်းချနေခြင်းအား လှည့်လည်ကြည့်ရှု  အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြသည်။


ကြံခင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့တော်သန့်ရှင်းသာယာလှပစေရန် ဈေးအတွင်း၊အပြင်ရှိအမှိုက်များစနစ်တကျစွန့်ပစ်နိုင်ရန်အမှိုက်ပုံးများထားရှိပေးခြင်း၊ ပလတ်စတစ်အိတ်သုံးစွဲမှုလျှော့နည်းစေရန်(အပတ်စဉ်)လိုက်လံကြည့်ရှုအသိပညာပေးကြောင်းသိရသည်။


မြို့နယ်(ပြန်/ဆက်)


No comments

Powered by Blogger.