နှင်းခဲနေသည့် ကားအတွင်းမှ အမျိုးသမီး ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်မှုကြောင့် သေဆုံး
တိုကျို
ဒီဇင်ဘာ ၂၂
ဂျပန်
ပင်လယ်ကမ်းရိုးတန်းရှိ နီအီဂါတာခရိုင်တွင်
နှင်းများပိတ်မိနေသည့် ကားအတွင်းအမျိုးသမီး တစ်ဦး သေဆုံးနေသည်ကို တွေ့ရသည်ဟု
နီအီဂါတာ ခရိုင်ရဲက ပြောသည်။ ကားအတွင်း ကာဗွန်
မိုနောက်ဆိုဒ် အဆိပ်သင့်ကာ သေဆုံးနေခြင်း ဖြစ်သည်ဟု
သိရသည်။
အသက် ၂၇ နှစ်အရွယ် အမျိုး
သမီးမှာ ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲ ပိုင်းက ကာရှီဝါဇာကာရှီနေအိမ်မှ ထွက်ခဲ့ခြင်းဖြစ်သည်။ ကားအင်ဂျင် မှာ စက်နှိုးလျက်ရှိပြီး
အဆိုပါ ဒေသတစ်ဝိုက်တွင် နှင်းခဲနေအောင် ကျဆင်းနေသည့်အတွက် ဓာတ်အားမရရှိပေ။
အဆိုပါအမျိုးသမီးမှာ အနွေးဓာတ်ရအောင်
ကားအတွင်း ဝင်ခဲ့ခြင်းဖြစ်သည်ဟု ရဲများက ယူဆသည်။
အနွေးဓာတ်ရအောင် ကားအတွင်း ဝင်နေခဲ့သော်လည်း အိတ်ဇောပိုက်မှာ နှင်းများဖြင့် ပိတ်ဆို့သွားခဲ့သည်ဟု
ရဲများက ပြောသည်။
နီအီဂါတာခရိုင်တွင်
နှင်းများထူထပ်စွာ ကျဆင်းမှုကြောင့် လမ်းများပိတ်ထားခဲ့ရပြီး ဒီဇင်ဘာ ၂၁ ရက်တွင်မူ
လမ်းပိတ်ထားမှုကို ဖယ်ရှားပေးလိုက်ပြီဟု သိရသည်။ ရေခဲနေသည့် လမ်းများတွင် ကားမောင်းရာ၌
သတိထားကြရန် အာဏာပိုင်များက သတိပေးထားသည်။
အင်န်အိတ်ချ်ကေ

No comments