သီရိလင်္ကာလယ်သမားများအား ထောက်ပံ့ရန် ကန်ဒေါ်လာ ၂၂ သန်း အေဒီဘီဘဏ် ခွင့်ပြု
ကိုလံဘို ဒီဇင်ဘာ ၂၁
အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ)
သည် သီရိလင်္ကာနိုင်ငံရှိ တောင်သူလယ်သမား ၁ ဒသမ ၂ သန်းအား အမေရိကန်ဒေါ်လာ ၂၂ သန်း ထောက်ပံ့ကူညီရန်
ခွင့်ပြုလိုက်ကြောင်း သမ္မတ သတင်းထုတ်ပြန်ရေးအဖွဲ့ (ပီအမ်ဒီ) က ဒီဇင်ဘာ ၂၁ ရက်တွင်
ပြောသည်။
သီရိလင်္ကာသမ္မတ ရာနေးလ်
ဝစ်ခရီဆင်းဂီ ၏ တောင်းခံမှုပြုလုပ်ပြီးနောက် အေဒီဘီဘဏ်က ထိုကဲ့သို့ ခွင့်ပြုပေးခြင်းဖြစ်ကြောင်း၊
ထို့အပြင် လာမည့်သီတင်းပတ်တွင် လယ်သမားများ၏ ငွေစာရင်းထဲသို့ ငွေများ ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း
ပီအမ်ဒီက ပြောသည်။
အေဒီဘီဘဏ်အနေဖြင့်
ဩဂုတ်လတွင် အရေးပေါ် အကူအညီချေးငွေအဖြစ် ကန်ဒေါ်လာ သန်း ၂၀၀ ကို အတည်ပြုပေးခဲ့သည်။
ယခုနှစ်အစောပိုင်းတွင်လည်း သီရိလင်္ကာနိုင်ငံအနေဖြင့် အေဒီဘီဘဏ်၏ အရေးပေါ်အကူအညီ တစ်စိတ်တစ်ပိုင်းအဖြစ်
ပိုတက်ရှ် ဓာတ်မြေဩဇာ မက်ထရစ်တန် ၄၂၀၀၀ ကို လက်ခံရရှိခဲ့ကြောင်း သိရသည်။
ဆင်ဟွာ

No comments