စင်ကာပူနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအသစ် ၁၀၉၃ ဦး စစ်ဆေးတွေ့ရှိ
စင်ကာပူ
ဒီဇင်ဘာ ၂၁
စင်ကာပူနိုင်ငံ၌ ဒီဇင်ဘာ
၂၁ ရက်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အသစ် ၁၀၉၃ ဦး စစ်ဆေးတွေ့ရှိသည့်အတွက် နိုင်ငံတစ်ဝန်း
အဆိုပါ ရောဂါ ကူးစက်ခံရသူပေါင်း ၂၁၉၂၆၉၀ အထိ ရှိလာပြီဖြစ်သည်။
စင်ကာပူနိုင်ငံ၌ လက်ရှိ
တွင် ဆေးရုံတက်ရောက် ကုသမှု ခံယူနေရသူ ၁၀၈ ဦးရှိပြီး ခြောက်ဦးမှာ အထူးကြပ်မတ် ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက
ထုတ်ပြန်သော ကိန်းဂဏန်း အချက်အလက်များအရ သိရသည်။
ဒီဇင်ဘာ ၂၁ ရက်တွင် စင်ကာပူနိုင်ငံ၌ ထပ်မံသေဆုံးသူမရှိ ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၁၇၁၀ ရှိကြောင်း သိရသည်။
ဆင်ဟွာ

No comments