(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ

 



မိုးညှင်း ဒီဇင်ဘာ ၂၉


(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပျော်ဘွယ်ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကွန်ကရစ်လမ်းဖွင့်ပွဲအား ဒီဇင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီက အဆိုပါကျေးရွာ ကွန်ကရစ်လမ်းမုခ်ဦး၌ ကျင်းပခဲ့သည်။


ဦးစွာ မိုးညှင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကားပြောကြားပြီး မိုးညှင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသောင်းထိုက်နှင့် မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းတို့က စီမံကိန်းနှင့် လုပ်ငန်းအကြောင်းအရာများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး လမ်းဖွင့်ပွဲအထိမ်းအမှတ် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။


မိုးညှင်းမြို့နယ်၊ ပျော်ဘွယ်ကျေးရွာတွင် အရှည် ၁၃၅၀ ပေ၊ အနံ ၁၃ ပေနှင့် အမြင့် ၆ လက်မရှိ ကျေးရွာတွင်း ကွန်ကစ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေ ကျပ်သိန်း ၁၀၀၊ ကျေးလူထုထည့်ဝင်ငွေ ကျပ် ၁၈၅ သိန်း စုစုပေါင်း ကျပ် ၂၈၅ သိန်းဖြင့် ဦးစီးဌာနမှ နည်းပညာပံ့ပိုးကာ ကျေးရွာသူ/သားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ချစ်ဦးကို(ကျေးလက်)




No comments

Powered by Blogger.