နတ်မောက်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

 



နတ်မောက် ဒီဇင်ဘာ ၂၉


မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင် ကျင်းပခဲ့သည်။


အဆိုပါပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်/ လူရွယ်များ အာရုံစူးစမ်းလေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်၊ စိတ်လက်ပေါ့ပါးပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများကို ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ 


ထို့နောက် ပြိုင်ပွဲများဖြစ်သည့် အ.ထ.က(၂) ကျောင်းသူလေးများက “လွတ်လပ်ရေးနေ့” ကဗျာခေါင်းစဉ်ဖြင့် လည်းကောင်း၊ အ.လ.က(တမာပင်)ကျောင်းသူလေးများက “ လွတ်လပ်ရေးပွဲ ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အ.ထ.က(အောင်ဆန်း) ကျောင်းသူလေးများက “လွတ်လပ်ရေးအောင်ပွဲ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အ.ထ.က(၁)ကျောင်းသူလေးများက “လွတ်လပ်ရေးပွဲ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့် ကျောင်းသူလေးများအား ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်သည်။ 


လှဝင်း(မြို့နယ်ပြန်/ဆက်)

No comments

Powered by Blogger.