ထားဝယ်မြို့တွင် မီးဘေးအန္တရာယ်ဆိုင်ရာ သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်

 


                                                           

ထားဝယ် ဒီဇင်ဘာ ၂၉


တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ထားဝယ်ခရိုင်အတွင်း မီးဘေးအန္တရာယ်နှင့် အခြားသော သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ထိရောက်ဆုံးနှင့် အမြန်ဆုံးကယ်ဆယ်ရေးလုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်အတွက် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီး၍ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့၊ ဆရာ/မများနှင့် ကျောင်းသား/သူများ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 


အဆိုပါ ဇာတ်တိုက်လေ့ကျင့်နေရာသို့ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီး ခင်ကျော်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမများ ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြည်ရှု အားပေးခဲ့ကြသည်။



ဆက်လက်၍ ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ခြင်းနှင့် ဒဏ်ရာရရှိသူများကို လွှဲပြောင်းပေးအပ်ခြင်း၊ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့များက ဆက်လက်သယ်ဆောင်၍ ရှေးဦးပြုစုခြင်းနှင့် အရေးပေါ်နှလုံးနှိုးဆွ အသက်ရှူနည်းဖြင့် ပြုစုပေးခဲ့ကြပြီး ကယ်ဆယ်ရေးယာဉ်ဖြင့် တင်ဆောင်၍ နီးစပ်ရာဆေးရုံသို့ပို့ဆောင်ပေးခြင်း၊ မိဘများထံ စနစ်တကျလွှဲပြောင်း ပေးခြင်းတို့ကို အချိန်တိုအတွင်း အလျင်အမြန်ပြီးစီးရန် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သတင်းရရှိသည်။


တိုင်းဒေသကြီး(ပြန်/ဆက်)







No comments

Powered by Blogger.