ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားသမား အိပ်ဆောင်နှင့် ပွဲကြည့်စင်များ တည်ဆောက်ရေးလုပ်ငန်းခွင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေး




နေပြည်တော်   ဒီဇင်ဘာ   ၂၄


အားကစားနှင့်    လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည်  ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဥပဒေချုပ်၊    ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ ဦးဌေးအောင်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ    ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ နိုင်ငံတကာအဆင့်မီ ရေကူးကန်၌ RC နှစ်ထပ်အမိုးပါပွဲကြည့်စင် တည်ဆောက်နေမှု၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားကွင်း၌     လေးထပ်အားကစားသမားအိပ်ဆောင် တည်ဆောက်နေမှုနှင့်  RC 2  နှစ်ထပ်   ပဒေသာ အားကစားကွင်း ပွဲကြည့်စင်တည်ဆောက်နေ များကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ပြည်ထောင်စုဝန်ကြီးသည် ဒဂုံမြို့သစ် မြောက်ပိုင်းရှိ နိုင်ငံတကာအဆင့်မီ ရေကူးကန်၌ ပြည်ထောင်စုဘတ်ဂျက် ငွေကျပ်သန်း ၅၇၁ ဒသမ ၉၆၈  သန်းဖြင့်   RC   နှစ်ထပ်အမိုးပါ ပွဲကြည့်စင် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိ၍ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး သတ်မှတ်ကာလ အတွင်း   အပြီးသတ်နိုင်ရေးအတွက်  ဌာနဘက်မှ လုပ်ငန်းကြန့်ကြာမှုမရှိစေရန် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊  ကုမ္ပဏီဘက်မှလည်း Real Time Schedule အတိုင်း အကောင်အထည်ဖော်ဆောင်ရွက် ပေးရန်လိုအပ်ကြောင်း မှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကလေး ရေကူးကန်တည်ဆောက်မှု၊ ရေကူးကန်ပတ်လည်ရှိ မီးဆိုင်းများအခြေအနေနှင့် ရေသန့်စင်ရေးစက်ခန်း၊ ရေကူးကန်အဝင်ဂိတ်အဆင့်မြှင့်တင်မှုနှင့် အမျိုးသမီး၊ အမျိုးသား အဝတ်လဲခန်းများကို ကြည့်ရှုစစ်ဆေးပြီး  တာဝန်ရှိသူများအား  ရေကူးကန်ကို လက်ရှိအခြေ အနေထက် အရည်အသွေးမကျစေရန်၊ အရက်သေစာနှင့်  မူးယစ်ဆေးဝါးသုံးစွဲသူများ   ရေကူးခွင့်မပြုရန် တို့ကိုမှာကြားပြီး  ဝန်ထမ်းသက်သာချောင်ချိရေး စားသောက်ဆိုင်ကို အဆင့်မြှင့်တင်ပြင်ဆင်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း  ပြောကြားသည်။


ယင်းနောက် အားကစားနှင့်  ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကလည်း  အပျော်တမ်း ရေကူးသည့်အဆင့်မှ ပြိုင်ပွဲဝင်စိတ်ဓာတ်ဖြစ်ပေါ် စေရေးအတွက်  နှစ်လလျှင် တစ်ကြိမ် ရေကူးပြိုင်ပွဲများ ကျင်းပနိုင်ရေး စည်းရုံးဆောင်ရွက်ရန် ဖြည့်စွက်ပြောကြားသည်။


ဆက်လက်၍   ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်သို့ ရောက်ရှိပြီး  မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်မိုးဝင်း နှင့်တွေ့ဆုံ၍  ၂၅ မီတာ ပွိုင့် 22 ပစ္စတို လေ့ကျင့်ရေး ကွင်းနှင့်  ၁၀ မီတာ Air Pistol ၌ ကစားသမားများ၏ လေ့ကျင့်နေမှုတို့ကိုကြည့်ရှုပြီး နိုင်ငံတကာအားကစား ပြိုင်ပွဲများအတွက် အားကစားအထောက်ကူပြုပစ္စည်း လိုအပ်ချက်များ တင်ပြဆွေးနွေးမှုအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ထို့နောက်      ပြည်ထောင်စုဝန်ကြီးသည် တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားကွင်း သို့   သွားရောက်ပြီး  အားကစားကွင်းအတွင်းရှိ Synthetic ပြေးလမ်းများကို စနစ်တကျထိန်းသိမ်း ဆောင်ရွက်သွားရန်မှာကြားကာ     ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဘတ်ဂျက် ငွေကျပ်သန်း ၁၃၆၁ ဒသမ ၇၈၀ ဖြင့် တည်ဆောက်နေသည့် လေးထပ် အားကစားသမားအိပ်ဆောင်   တည်ဆောက်ရေး လုပ်ငန်းခွင်သို့   သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကုမ္ပဏီမှ   တာဝန်ရှိသူများ အား  သတ်မှတ်ကာလအတိုင်း     ထိုက်သင့်သော   အရည်အသွေးဖြင့် တည်ဆောက်ပြီးစီး နိုင်ရေးအတွက် တတ်နိုင်သမျှ အားစိုက်လုပ်ဆောင်ရန်  မှာကြားသည်။


ဆက်လက်၍     ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုဘတ်ဂျက် ငွေကျပ်သန်း ၈၀၅ ဒသမ ၉၅၀  ဖြင့်  တည်ဆောက်နေသည့် RC 2  နှစ်ထပ် ပဒေသာအားကစားကွင်း ပွဲကြည့်စင် တည်ဆောက် နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး အထူးတန်း ပွဲကြည့်စင်ဝင်ပေါက်မှ    ဘောလုံးကွင်းအတွင်းသို့     တိုက်ရိုက်ဝင်ရောက်နိုင်ရေးအတွက် ပြန်လည်ပြုပြင် ဆောက်လုပ်ရေး တို့ကို  မှာကြားခဲ့ကြောင်း  သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.