(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီး ဌာနရှိ တပ်ဖွဲ့/ဦးစီးဌာနများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများက နေပြည်တော် ခုတင်(၁၀ဝ၀)ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်



နေပြည်တော်   ဒီဇင်ဘာ   ၂၄


(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ ဦးစီးဌာနများဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊    အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်/ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိ ခုတင်(၁၀ဝ၀) ပြည်သူ့ဆေးရုံကြီး၌   စုပေါင်းသန့်ရှင်းရေး   လုပ်အားပေး ဆောင်ရွက်ကြသည်။


စုပေါင်းသန့်ရှင်းရေး လုပ်အားပေးပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်/ဝန်ထမ်းအင်အား ၁၅၀ဝ နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းအင်အား ၁၀ဝ စုစုပေါင်း ဝန်ထမ်းအင်အား ၁၆၀ဝ တို့က ဆေးရုံကြီးဝင်း အတွင်း/အပြင် သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ခြင်း၊ ဆေးရုံအဆောက်အအုံပေါ်ရှိ အမှိုက် များ၊ သစ်ရွက်ခြောက်များ ရှင်းလင်းခြင်း၊ အဆောက် အအုံဘေးထိစပ်နေသော သစ်ကိုင်းများ၊ သစ်ပင်ကြီး များအား အမြင်တင့်တယ်စေရေး၊ လေဝင်/လေထွက် ကောင်းမွန်စေရေးနှင့်   အလင်းပွင့်စေရေးအတွက် ခုတ်ထွင်ရှင်းလင်းခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ ဖယ်ရှားရှင်းလင်း ခြင်းနှင့်    ရေနုတ်မြောင်းများ ဖော်ထုတ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။


စုပေါင်းသန့်ရှင်းရေး  လုပ်အားပေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်၊ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊    အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ် ဦးစီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ်များ၊ တပ်ဖွဲ့/ ဦးစီးဌာနများမှ   အရာရှိကြီးများ၊  ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦးနှင့် ဆေးရုံတာဝန်ရှိသူ များက လှည့်လည်ကြည့်ရှုအားပေးကာ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်သည့် တပ်ဖွဲ့ဝင်နှင့် ဝန်ထမ်းများကို ရေသန့်၊ ကော်ဖီနှင့် ဆီချက်ခေါက်ဆွဲတို့ဖြင့် ဧည့်ခံကျွေးမွေးကြ သည်။


ထိုသို့ တပ်ဖွဲ့ဝင်နှင့် ဝန်ထမ်းများ၏ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ပေးခဲ့မှုကြောင့် ဆေးရုံကြီး အတွင်း/အပြင်    သန့်ရှင်းသပ်ရပ်မှုနှင့်  လေဝင်/ လေထွက်ကောင်းမှု ရရှိခဲ့ပြီး သန့်ရှင်းရေး ဆောင်ရွက်ပေးခဲ့မှုအပေါ် ဆေးရုံကြီးရှိ ဆရာဝန်၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများက  ဝမ်းမြောက်စွာဖြင့် ကျေးဇူးတင်ရှိလျက်ရှိကြောင်း၊  ဆေးရုံတက်ရောက်လျက်ရှိသော လူနာများမှာ ကျန်းမာရေးဝန်ထမ်းများ၏ အနီးကပ်ပြုစုစောင့်ရှောက်မှုဖြင့် စိတ်အေးချမ်းသာစွာ ဆေးကုသမှုခံ ယူလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.