ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေး



နေပြည်တော်     ဒီဇင်ဘာ   ၂၄


စွမ်းအင်ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ပုလဲလမ်းရှိ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာန သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား အထွေထွေ မန်နေဂျာ(CNG)က သဘာဝဓာတ်ငွေ့သုံး မော်တော်  ယာဉ်များကို  CNG ဖြန့်ဖြူးဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့်    မကွေးတိုင်းဒေသကြီးတို့ရှိ   CNG အရောင်းဆိုင် ၄၆ ဆိုင်မှ CNG ယာဉ်စီးရေ ၂၈၃၀၁  စီးကို နေ့စဉ်သဘာဝဓာတ်ငွေ့ (၁၈-၁၉ ) သန်းကျော် ရောင်းချပေးနေမှုကို ရှင်းလင်း တင်ပြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး မှာကြားပြီး CNG ဌာနအတွင်းရှိ တစ်သျှူးငှက်ပျောများစိုက်ပျိုးရန်  လျာထားသောမြေနေရာများကို ကြည့်ရှု စစ်ဆေးသည်။


ဆက်လက်၍    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် CNG အိုးများစစ်ဆေးသည့် Retest Factory စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက CNG  ယာဉ်များတွင် တပ်ဆင်အသုံးပြုသည့် CNG Cylinder  အိုးများကို  ပြည်သူများ  ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် Retest ငါးနှစ်လျှင် တစ်ကြိမ်၊ သုံးနှစ်လျှင် တစ်ကြိမ်၊ နှစ်နှစ်ကျော်လျှင် တစ်ကြိမ် စစ်ဆေးပြီး   သက်တမ်းပြည့်ပြီး CNG Cylinder အိုးများကို ဘေးအန္တရာယ်ကင်းရှင်းစေရန် အသစ်လဲ ဆောင်ရွက်ရေးအစီအစဉ်ကို     တိကျစွာလိုက်နာ ဆောင်ရွက်သွားရန် မှာကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွာမ Mother CNG အရောင်းဆိုင် ဆိုင်အမှတ် (ဝ၃၂)သို့  ရောက်ရှိပြီး  CNG ယာဉ်များ သဘာဝဓာတ်ငွေ့ဖြည့်တင်းနေမှု၊    ကွန်ပျူတာစနစ်ဖြင့်   ဓာတ်ငွေ့ရောင်းချနေမှု၊ CNG စက်ပစ္စည်းများ ထိန်းသိမ်းမောင်းနှင်မှုနှင့်  Daughter  CNG  အရောင်းဆိုင်များတွင် အသုံးပြုရန်အတွက် Jumbo Tube တွဲများ ဓာတ်ငွေ့ ဖြည့်တင်းနေမှုများနှင့် CNG ဖြည့်တင်းနေသော  ခရီးသည်တင် YBS ယာဉ်များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.