နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် သီလဝါဆိပ်ကမ်းရှိ ဆိပ်ကမ်းလုပ်ငန်း များ ဆန်၊ ဂျုံ၊ ဆီနှင့် ဆန်စက်လုပ်ငန်းများလည်ပတ်ရန် စပါးခွံလောင်စာဖြင့် လျှပ်စစ်ထုတ်လုပ်မှု ကြည့်ရှု



ရန်ကုန်    ဒီဇင်ဘာ     ၂၄


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ တာဝန်ရှိသူတို့နှင့်အတူ ယမန် နေ့နံနက်ပိုင်းက ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းရှိ Wilmar Myanmar ကုမ္ပဏီသို့ရောက်ရှိပြီး   စပါးခွံလောင်စာဖြင့်   လျှပ်စစ်ထုတ်လုပ်မှုမှ  ဆိပ်ကမ်း လုပ်ငန်းများ၊   ဆန်စက်လုပ်ငန်း၊   စားသုံးဆီလုပ်ငန်းနှင့် ဂျုံလုပ်ငန်းများ လုပ်ကိုင်လည်ပတ် နေမှုတို့ကို ကြည့်ရှုလေ့လာသည်။


ရှေးဦးစွာ ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ကို ကုမ္ပဏီ၏ General Manager Mr.Chen Pan က စပါးခွံလောင်စာဖြင့် လုပ်ငန်းလည်ပတ် မှုကိုလည်းကောင်း၊ မန်နေဂျင်းဒါရိုက်တာ  ဦးမောင်ကျေးက  နိုင်ငံအတွင်းရှိ  ကုမ္ပဏီ၏  ဆောင်ရွက်နေမှုကိုလည်းကောင်း ရှင်းလင်း တင်ပြပြီး ကုမ္ပဏီဝင်းအတွင်းရှိ ဆိပ်ကမ်းလုပ်ငန်း၊ ဆန်စက်လုပ်ငန်း၊ ဂျုံလုပ်ငန်းနှင့် စားသုံးဆီ လုပ်ငန်းများ လည်ပတ်နေမှုတို့ကို လိုက်လံ ရှင်းလင်းပြသသည်။


Wilmar Myanmar   ကုမ္ပဏီအနေဖြင့်  သီလဝါဆိပ်ကမ်းတွင် ခေတ်မီဘက်စုံသုံး နိုင်ငံတကာ ဆိပ်ခံတံတားနှင့် မြေဖွံ့ဖြိုးရေးလုပ်ငန်းများကို BOT စာချုပ်ဖြင့် ဆောင်ရွက်ခြင်း၊ စီးပွားရေးဆိုင်ရာ လုပ်ငန်းများ၊ ဂျုံနှင့်ဘေးထွက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ စားသုံးဆီနှင့် ဆက်စပ်ထုတ်ကုန် လုပ်ငန်းများနှင့်  ဆန်နှင့်  ဆန်ဆက်စပ်ထုတ်ကုန်များကို ဆောင်ရွက်လျက်ရှိရာ   ထိုလုပ်ငန်းများ အတွက်  စပါးခွံသုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်၍ လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။                                                

သတင်းစဉ်

No comments

Powered by Blogger.